Wednesday, April 10, 2013

လေတိုက်တဲ့ညတွေ

ရေး - အရိုး
ဆို - အရိုး

အိမ်ပြင်မှာ လေတိုက်တဲ့ညတွေ ငါမုန်းတဲ့ညတွေ ဘယ်လောက်ထိအောင်ရှည်နေဦးမယ်
အိမ်အပြန်ကို အိပ်မက်တဲ့ညတွေ စိတ်ကူးနဲ့ညတွေ မာနများနဲ့ ငါဟာမောပန်းခဲ့ ငါ့ကို ခေါ်နေမယ့်ချစ်သူ မျှော်နေမယ့် ချစ်သူ အချိန်တန်ပေမယ့် ငါပြန်မရောက်နိုင်ခဲ့

တိမ်တွေပြန်သွားမယ့် ငါကျန်ခဲ့ပြီ အချိန်တွေ ပြန်သွားပေမယ့် ငါကျန်နေခဲ့
ရင်မှာ နာကျည်းနေရင်းနဲ့ ငါကြေကွဲခဲ့ ဒီအချိန်အိပ်မက်များထက် ပိုမတောင့်တခဲ့

ပြီးသွားတဲ့အိပ်မက်ဟောင်းတစ်ခုလို ဝတ္ထုဟောင်းတစ်ပုဒ်လို ခေါက်ရိုးကျိုးခဲ့တဲ့ ငါ့ရဲ့နေ့ညများ ဘဝက ထူးဆန်းမှုရှိမယ့် အပြောင်းအလဲတစ်ခုရှိမယ် ထင်နေရင်းနဲ့အရာရာပြီးဆုံးခဲ့
ဘဝဟာတော်ရုံပဲကောင်းတယ် ပျော်ရုံပဲကောင်းတယ် ပိုချင်ရင်တော့ ရင်နာရမှာပဲ
12:08 PM 4/20/2013

No comments:

Post a Comment