Wednesday, April 10, 2013

ရုပ်ရှင်ကြည့်တဲ့ည

ရေး - အရိုး
ဆို - အရိုး

လရောင်ကြယ်ရောင်တောင် မလင်းတဲ့ညမျိုးတစ်ည မိုးသံလေသံဟာ ကမ္ဘာကိုဖုံးလွှမ်းထား
လေတိုက်တဲ့ အသံကို အဝေးက သဲ့သဲ့ကြား အလောင်းတစ်ကောင်ကိုယ်ခန္ဓာ ငါဝင်ပူးကပ်သွား
ခန္ဓာကိုယ်ပေါ် ပိုးဟပ်တွေပြေးလွှား ပိတ်လှောင်မှောင်နေတဲ့ အညိုရောင်ကွင်းထဲက
လည်ပင်းရိုးတွေကို အားပြုငုတ်တုတ်ထ စွတ်စိုမြေပြင် ငါခြေတင်မိတဲ့ခဏ မီးရောင်မှိန်
အိမ်ငယ်တစ်လုံးရဲ့ မြင်ကွင်းက ငါ့အမြင်အာရုံမှာ အနီရောင်သွေးစက်များ ခြေလှမ်းလိုက်ချိန်
ငါ့အသားစတစ်ချို့ပဲ့ကျ အလောင်းကောင်ကိုယ်ဟာ ငါလိုရာအတိုင်းဆက်သွား

ငါအခုလိုအပ်တာ လူ့ကိုယ်ထဲက ပူနွေးသွေးသားလား
ကြောက်ရွံ့ခြင်ရဲ့ စိတ်ဓါတ်လား တစ်ခုခုရမယ့်ည
တိတ်ဆိတ်ခြင်းမှာ ဖောက်ဝင်သွားတာ ခြေလှမ်းတရွေ့ရွေ့က မီးအိမ်အောက်မှာ
အိပ်ပျော်စ မိန်းမတစ်ယောက်ရဲ့ည

တံခါးဟောင်းကို အသာငါတွန်းဖွင့်ဝင်ရောက်လာ မီးအိမ်ငယ်အရောင်ဟာ
အမှောင်ကိုအားတင်းထား လေတိုက်တော့ အမှောင်ဟာ အားလုံးဖုံးလွှမ်းသွား
ခွေးတစ်ကောင်အူသံကို အခါခါသဲ့သဲ့ကြား အဖြူရောင် အရေခွံအောက်က လက်ချောင်းများ
အခန်နံရံပေါ်က ငွေရောင်အသားလှီးဓား ခြေတစ်လှမ်းဆက်ချိန် မျက်လုံးတစ်ဖက် ထွက်ကျသွား
အိပ်ပျော်နေသူ ဒီအသံမှာ နိုးတဲ့ခဏ

ဟာ ကြည့်လို့ကောင်းမှ စက်ပျက်သွားတာ စိတ်ဆင်းရဲလိုက်တာ မီးစက်ကြီးကို သွားပြင်ကြ ကောင်းခန်းရောက်တော့မှ

လောကကြီးဟာ မည်းမှောင်သွားကာ တစ်ယောက်ထဲ ကြောက်ကြောက်လာ တစ်ယောက်ယောက်အနားကို ကပ်နေရ သရဲကားကြည့်တဲ့ည
12:03 PM 4/20/2013

No comments:

Post a Comment