Wednesday, April 10, 2013

ကင်းတင်းထဲကကွင်းလက်ချာ

ရေး - အရိုး ဆို - အရိုး ကျောင်းဝင်းထဲမှာ ကိုယ်တို့သိတဲ့အကြောင်းအရာ ဟိုရှေ့ကလာ သချာင်္မေဂျာကွင်းဗျာ သူ့လက်နက်ဟာ ဂဏန်းပေါင်းစက်နဲ့ ပေသီးပါ အနားကပ်တဲ့သူတွေကို တွက်ချက်ပြီးမှ အီနေကျ ကျောခိုင်းထားတဲ့ မင်းရဲ့နောက်ကဝိုင်းမှာ အက်စစ်အလှမယ် ကန်မစ်စတြီရဲ့ ကွင်းဗျာ အနားသွားကပ်တဲ့ သုံးလေးငါးယောက်ကြုံဖူးတာ လက်တွေ့ခန်းခေါ်ပြီး အက်စစ်ပုလင်းနဲ့ ဆော်တယ်ဗျ ကျောင်းသားရေးရာ သွားတဲ့လမ်းရဲ့ ထောင့်မှာ မင်းတွေ့ခဲ့တာ အီကိုမေဂျာကွင်းကွာ မင်းအိတ်ထဲက ဂဏန်းခြောက်လုံးအထက်ကုန်တဲ့အခါ ဈေးကွက်ချဲ့ထွင်ပြီး နောက်ထပ်တစ်ယောက်နဲ့ အဆင်ပြေနေကျ စိန်ပန်းတို့ ပွင့်တဲ့လမ်းထက်မှာ သူ့အသည်းကြီးအက်ကွဲသံကြား နောက်ဖရှက်ရှာလေးလား တို့ညီနောင်များ ကိုယ်တွေ့နဲ့ရင်းလို့ဆုံးမတာ တို့အမျိုးကောင်းသားတွေ ကွင်းရှောင်ကြ သွားလေသူများက ကွင်းအားလုံးမှာ ဒေါသကြီးတဲ့တစ်ယောက်ဟာ ကျောက်ဆစ်လက်ရာ ဂျီဩလော်ဂျီကွင်းပါ အနားသွားကပ်တဲ့ မင်းမျက်ခွက်ကြီးမြင်တဲ့အခါ ဒေါသထွက်လာပြီး ကျောက်လက်နက်နဲ့ ဆော်မယ်ဗျာ ရိုးရိုးလေးနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ဟာ ဟိုးရှေ့ကလာ မြန်မာစာမေဂျာကွင်းပါ မင်းရည်းစားစာ ပေးတိုင်းမင်းအတွက်ပြန်ပေးတာ မင်းဖတ်ရမှာက ဟိုးရှေးခေတ်က ကျိန်စာ အနန္တ စိန်ပန်းတို့ ပွင့်တဲ့လမ်းထက်မှာ သူ့အသည်းကြီးအက်ကွဲသံကြား နောက်ဖရှက်ရှာလေးလား တို့ညီနောင်များ ကိုယ်တွေ့နဲ့ရင်းလို့ဆုံးမတာ တို့အမျိုးကောင်းသားတွေ ကွင်းရှောင်ကြ သွားလေသူများ မြင်နိုင်ရဲ့လား အမေးရှိခဲ့ရင် စမ်းကြည့်ပါ တို့အားလုံးကတော့ ပြုံးနေမှာ နောက်လူမိုက်လေးလား သိပ်မကြာခင်မှာ ကောင်လေးတစ်ယောက် ခေါင်းကိုငိုက်စိုက်ဗျ စိန်ပန်းတို့ပွင့်တဲ့ လမ်းပေါ်မှာ မွေးရာပါ ဒုက္ခ 11:53 AM 4/20/2013

No comments:

Post a Comment