Wednesday, April 10, 2013

မင်းမုန်းတဲ့လူ

ရေး - ဇဝါ
ဆို - အငဲ

မိုင်များလည်း ငါကျော်လွန်ဖြတ်သန်းလို့
အချိန်ရထားနဲ့ ခရီးဆက်တုန်း
အေးစက်တဲ့ လွင်ပြင်ကျယ်များ အဆုံး
ခိုလှုံစရာ တစ်မြို့မြို့ ဝင်လိမ့်နိုး
ရင်ခွင်ဟာ ရွေ့နေတယ်
ရင်ခုန်သံ အကျိုးအပဲ့တွေနဲ့
နာကျင်တဲ့ အတိတ်တွေကို အရေခွံခွာ
ငါ့ဘဝ ဘယ်တော့များ အသစ်ဖြစ်မလဲ

ငါမေ့ဖို့ သိပ်ခက်ခဲ
ငါ့အတွေးထဲ စူးဆဲ မင်းအမုန်းလေး
ဖျောက်ဖျက်ဖို့ ငါအင်အားမဲ့
ဒီအမုန်းက လွတ်ဖို့အတွက်
ဘယ်လောက်ထိ ပြေးရမလဲ
ငါ့ဘဝကြီး အခုထိ
ဒဏ်ရာတွေအလယ်မှာ ငါတစ်ယောက်တည်း

မင်းအမုန်းနဲ့ ငါဟာ လူလုပ်ဖို့
ရှင်သန်နေခြင်းလား ဘဝတစ်ခုလုံး
သွေးကြောထဲ လည်နေတဲ့ စကားတို့
မမြင်နိုင်တဲ့ ဓားလို ရင်ကိုမွှန်း
နာရီတွေ ရွှေ့နေတယ်
ဝေဒနာ နေ့ရက်တွေထဲ
အချိန်ဆိုတာ သမားတော် ယုံချင်တယ်
ငါ့ဘဝဘယ်တော့များ အသစ်ဖြစ်မလဲ

ဒဏ်ရာတွေ အလယ်မှာ ငါတစ်ယောက်တည်း
ဒဏ်ရာတွေ အလယ်/ထဲမှာ ငါတစ်ယောက်တည်း
11:07 AM 4/20/2013

No comments:

Post a Comment