Wednesday, April 10, 2013

ပျောက်ဆုံးသွားတဲ့

ရေး - နိုင်းနိုင်
ဆို - အငဲ

နူးညံ့တဲ့အချစ်တို့နဲ့ ရေးဖွဲ့ခဲ့ ဘဝလေး
ငါပြန်မရတဲ့ အခုလို အချိန် အလွမ်းတွေဟာ လှိုင်းထန်တယ်
သတိရတိုင်း ငါ့ရဲ့နဘေး မင်းရှိမလား ရှာမိ
ဘယ်ဆီပြေးပုန်း ဟိုတစ်ချိန်က မင်းမျက်လုံး မင်းရဲ့ အပြုံး

မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များက
ခွဲခွာခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့
မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ
မင်း နှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ
ငါပြန်လည်တမ်းတရင်း ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ

အစီးအနင်း များလွန်းတဲ့ နက္ခတ်ဆိုး တွေကြား
ရိုးသားခြင်းနဲ့ ဘဝကို ပုံခဲ့တယ်
ငါဟာ သိုးမည်း တစ်ယောက်ပါ
စိတ်ဓါတ်ကျလွန်းတဲ့ ငါ့ရဲ့ နေ့တွေထဲ
မင်းရှိနေရင် အားအင်တစ်ခုပဲကွာ/
မင်းနဲ့အတူတူ ဖြတ်ကျော်ချင်သေးတယ်
ငါလေ တမ်းတမိ
မဆုံးတဲ့ အနမ်း မဆုံးတဲ့ခရီး
မဆုံးတဲ့ အချစ် ဘယ်မလဲ
အို အခုတော့ ငါ့တစ်ယောက်တည်း
အထီးကျန်လွန်း ဘယ်လိုရပ်တည်မယ်

မိုးလင်းတိုင်း မင်းရဲ့အနမ်းများနဲ့
နိုးခဲ့သော င့ါရဲ့ နေ့သစ်များထဲ
ခွဲခွာဖို့ အကြောင်းက ကြုံလာခဲ့ပေါ့
ကြေကွဲစရာ အဖြစ်အပျက်ကို မေ့ဖို့ ကြိုးစား
မင်းမရှိတော့တဲ့ အလွမ်းနေ့ ကွင်းပြင်ထဲ
ပြေလည်စရာ လမ်းကိုရွေး ဘယ်အချိန် ပြန်ဆုံနိုင်မလဲ

အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါလျှောက်လှမ်းဖို့ ဘယ်သူ အလင်းပြပါ့မယ်
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါလျှောက်လှမ်းဖို့ တကယ်ကို အလင်းရောင်လိုတယ်

အစီးအနင်းများလွန်းတဲ့ နက္ခတ်ဆိုးကြားမှာ
အရိုးသားဆုံးစိတ်နဲ့ ငါ့ဘဝကို ပုံအပ်
သိုးမည်း တစ်ကောင်လို ငါပါ
စိတ်အားငယ် နေချိန် ဒီလို နေ့များမှာ
မင်းလေးပဲ ငါတကယ် တမ်းတနေတယ် အချစ်ရယ်
မိုးလင်းတိုင်း ငါ့နဘေးမှာ မင်းမရှိဘူးလေ
10:59 AM 4/20/2013

No comments:

Post a Comment