Wednesday, April 10, 2013

ဘွဲ့နှင်းသဘင်နေ့

ရေး - အရိုး
ဆို - အရိုး

ကင်တင်းထဲက အကြွေးနဲ့ တို့ခေါင်းထဲကတွေးတဲ့ အတွေးနဲ့နီးရဲ့လား တို့တွဲဖူးတဲ့ရည်းစား တို့တွဲဖူးတဲ့ရည်းစား အားလုံးတာ့တာပြ
ရွဲ့စောင်းနေတဲ့ ခေါင်းပေါ်က ခေါင်းစွပ်မည်းများ ကြေခေါက်နေတဲ့ ဝတ်ရုံနဲ့ Batman များ ရွဲ့စောင်းနေတဲ့ အပြုံးတွေနဲ့ မိတ်ကပ်အဖွေးသား ပျော်ကြရဲ့လား ပြန်စဉ်းစား ကိုယ့်လူရေ

အခမ်းအနားကြီး ပြီးဆုံးရင် နောက်ထပ် တို့ပြန်တွေ့နိုင်မလား ဘဝသစ်ကို အစပြုခြင်းအတွက် တို့ခြေလှမ်းတွေ
လေးငါးနှစ်မက်ခဲ့တဲ့ အိပ်မက်တကယ် နိုးပြီလား ပခုံးထက်က နှုတ်ဆက်လမ်းခွဲ တို့သက်ပြင်းတွေချ

ပါမောက္ခချုပ်ကြီးနဲ့ အုပ်ထိန်းခဲ့တဲ့ မိဘများလည်း ဦးချဦး တို့ခွဲခဲ့တဲ့ ကထိက တို့တွဲခဲ့တဲ့နည်းပြများလည်း နှုတ်ဆက်ဦး လေအမြန် နှုန်းတွေနဲ့ ရွေ့နေတဲ့ လောကထဲ အထွက် ငြိမ်သက်နေတဲ့ ကျောင်းတော်နဲ့ တို့လမ်းခွဲ အကုန်မြုပ်နှံခဲ့ တို့တွေရဲ့ ကျောင်းသားနေ့ရက် လူသစ်တွေနဲ့ နေခဲ့တော့ ကိုယ့်လူရေ

ဒီကျောင်းထဲက လမ်းနဲ့ ဒီကျောင်းထဲက အခန်းထဲ ဒီကျောင်းထဲက ပန်းနဲ့ ဒီကျောင်းထဲက ဇတ်လမ်းဖွဲ့

ဒီကျောင်းထဲက အတန်းတက် ဒီကျောင်းထဲပဲ အတန်းပျက် ဒီကျောင်းထဲက တစ်ယောက်နဲ့ ဒီကျောင်းထဲပဲ လမ်းခွဲ
12:55 PM 4/20/2013

No comments:

Post a Comment