Wednesday, April 10, 2013

ရောခ့်အင်ရိုး

ရေး - အရိုး
ဆို - အရိုး

လမ်းထိပ်က ဆွမ်းချက်ရုံမှာ မိုးအလင်းထိုင်လို့ ပုခုံးဖက်ကာ ကုန်းရုန်းအော်ဆို ဝမ်း တူး သရီး ဝိုး မိုက် ဝိုး
ကီးလွဲလို့ လက်ကွက်ချော်တဲ့ မြူးဇစ်ကို ဗျိုး ပရက်စလေကြီးနဲ့ ငါတို့ အပြိုင်တီးမယ့် ရောဒ့်အင်ရိုး

မိန်းမ မရသေးတဲ့အကောင်တွေ တို့ဘက်ကိုတိုး လမ်းထဲမှာ ရှိတဲ့အပျိုတွေမြူးဇစ်ကလေးနဲ့ တရေးနိုး

ခွေးနဲ့လူ တစ်ယောက်တစ်လှည့်အူတာ သားတို့ပါဗျို့ မတော်ရသေးတဲ့ ယောက္ခမတွေအားလုံး ရော့ခ်အင်ရိုး

တစ်လမ်းလုံး အကုန်နိုးကာပဲ မိုးမီးလောင် ရပ်ကွက်ထဲမှာဟေ့ လမ်းကြားတွေ ပတ်ကာပြေး ပုန်းကြကွယ်ကြပါဟေ့

ဓမ္မာရုံဘေးက မြောင်းထဲဝင်ပုန်းတဲ့ ရော့ဒ်အင်ရိုး
လစ်ဆင်း အိုင်လဖ်ဒ်အစ် ဘာဒီ အိုး ရော့ဒ်အင်ရိုး ပုခုံးဖက်ကာ အစက ပြန်ဆို ဝမ်း တူး သရီး ဖိုး ဖိုက် ဝိုး

အမှတ်မရှိတာ နောက်တစ်ခေါက် အူတာ သားတို့ပါဗျို့ အစာမကြေချောင်းဆို လေထိုးတာ ပျောက်တဲ့ ရော့ခ်အင်ရိုး
တစ်လမ်းလုံး ပြန်နိုးကာပဲ မိုးမီးလောင် ရပ်ကွက်မှာ ပတ်ကြိမ်းလိုက်ရင် ခဏပြန်သွား အစကပြန် ထဆိုကြ
ဓမ္မာရုံထဲက ဂေါပကတွေ ဒေါပွ ရော့ခ်အင်ရိုး
1:39 PM 4/20/2013

No comments:

Post a Comment