Wednesday, April 10, 2013

ကံဆိုသည်မှာ

ရေး - အရိုး
ဆို - အရိုး

ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ အမြဲပြောင်းလဲ တတ်လေ၏ ကျုပ်အကြောင်းကြားပြီးရင်
ခင်ဗျားတို့လည်း စဉ်းစားကြည့် အိမ်အပြန်မှာ အလုပ်ပြုတ်ခေါင်းစုတ်ဖွားနဲ့ စိတ်ဓါတ်ကငရဲကိုကျ
သိပ်မကြာခင်မှာပဲ အမွေတွေတစ်ပုံကြီးရ ငွေတွေကို တစ်ချို့တဝက် ဘုရားလှူပြီး
သူငယ်ချင်းလက် အတိုးနဲ့ထား လမကုန်ခင်မှာပဲ ဒီကောင်လိမ်ပြီးပြေးသွား ဒီလိုနဲ့
ကြွေးတွေဆုံးလေပြီ ခွေးဖြစ်သည် ဒုတိယမ္မိ လအကုန်မှာ ကျွန်တော်ပေါက်ပြီ မင်္ဂလာစုံတွဲကြီး

လူလယ်ခေါင် ပြောဆိုတူရိုက်ထားပစ်ခဲ့တာ ကလိမ်ခြုံအရင်ရည်းစား
သနားလို့ အားလာပေးတဲ့ တစ်ယောက်က တကယ်ကို နတ်သမီးအလား
နေရာတကာ အကောင်းနဲ့အဆိုးက အမြဲတွဲထားတဲ့ ဒီဒွန္ဒယာကြီးမှာ ကျုပ်ရည်းစားအသစ်မှာ အစ်ကိုမောင်နှမတွေအများကြီး

လူဆိုတာ အမြဲကံမကောင်းနိုင်ဘူး ကံအမြဲလည်း ကောင်းမနေဘူး အသက်တဖြည်းဖြည်းကြီးလာ
တဖြည်းဖြည်းပိုပြီးသိ လူမမြင်အောင် ခိုးကြောင်ခိုးဝှက်တွဲ မိသွားတော့သဘောတူရဲ့ သိပ်ပူစရာမလိုပဲ အိမ်ထောင်ကျလေ၏

လိုချင်တာ သမီးပေါက်စလေး မွေးလိုက်တော့ အထီးတစ်ကောင်ဟေ့ ဘာပဲဖြစ်ဖြစ် ဒါတို့နှစ်ယောက်ရဲ့သားသမီး ဒီလိုနဲ့ ကျုပ်အသက်ငါးဆယ့်ငါး ကျုပ်သားအသက် နှစ်ဆယ့်ငါး
မာမီတွေထဲ ဒီကောင်ပြိုင်ဖက်မရှိ သေချင်အောင် ဒေါသကြီးလို့ ကြိမ်းမောင်းပြောဆို အိမ်ထောင်ချပေးသည် ကျုပ်ချွေးမသား ရည်းစားက အပြင်မှာ Tomboy ကြီး အိမ်ထောင်ကျပြီး သုံးလအတွင်းပဲ သူတို့တွေ လူမှန်ပြန်ဖြစ်သည် ကျုပ်မြေးလေးမွေးရင် ဘယ်လိုနေမလဲ မသိ
1:29 PM 4/20/2013

No comments:

Post a Comment