Wednesday, April 10, 2013

ဒါရိုက်တာ

ရေး - အရိုး
ဆို - အရိုး

နေသာနေတုန်းလေး နေရာထိုင်ခင်းရွေး ဒီမှာ ရိုက်ကွင်းစမယ်ဟေ့ ရှုတင်မှာ အပျင်းထူ ဇီဇာကြောင်တဲ့လူ နာမည်ကြီးမင်းသားပါဟေ့ ပရိုဂျူဆာစိတ်ကြိုက် အရန်တွေကို လှိမ့်ရိုက် လိုနေတဲ့ တစ်ကားလုံးစာအပြည့် တော်တော်နေစောင်းမှ ပေါ်တော်မှုရောက်လာ နာမည်ကြီး မင်းသမီးပါဟေ့
မင်းသားကရူး မင်းသမီးကမြူး ထပ်မရိုက်တော့ဘူးကွာ နောက်တစ်ကဒ်ကိုကူး မင်းသားလည်းမေး မင်းသမီးပါမေး နေ့နဲ့ညပြောင်း ဇတ်ညွှန်းအသစ်ပြန်ရေး

လူမြင်အောင်အတင်းလုပ် ရှုတင်မှာစာရင်းရှုပ် ဂျာနယ်လစ်အားလုံးကိုတွေ့ ငြိမ်ငြိမ်နေစမ်းပါ ဒီအခြေအနေမျိုးမှာ ပရိုဂျူဆာဒေါပွ တယ်ဟေ့ လူသူတွေကြားထဲ လူရှိန်အောင်တအားကဲ မန်နေဂျာငါ့တပည့်ကျော်လေး မြုံနေတဲ့ဒေါသ ဒီကောင်တွေပေါ်လွှဲချ မောင်ရင် ငါလုပ်မိမယ်ဟေ့

မင်းသားကနား မင်းသမီးကများ ပျက်ရက်တွေကြားမှ ရိုက်ရက်ကရှား မင်းသမီးကပွား မင်းသားကဝါး အရမ်းမိုက်အောင် ရိုက်မယ်ဗျာ သုံးရက်နဲ့တစ်ကား

ငြိမ်ငြိမ်နေအားလုံး အက်တာတွေအားလုံး ဒီမှာ ရိုက်ကွင်းစမယ်ဟေ့ လိုက်တင်တွေချိန်းမယ် ဒရက်စင်တွေ ချိန်းမယ် မာမီတွေ အလုပ်ရှုပ်တယ်ဟေ့
ပရိုဂျူဆာကားနဲ့ ပါတော်မူသွားတဲ့ အပျိုစင်မင်းသမီးအိုလေး မာမီခေါ်ပေးပါ အန်တီခေါ်ပေးပါ ဒီမှာ ရိုက်ကွင်းစပြီဟေ့ မီးသမားကတုံး ရပ်ကွက်ကမုန်း လုပ်ကြပါဦးဗျာ ရိုက်ရက်တွေရှုံး
မင်းသမီးကမှား မင်းသားကမှား မရရအောင် ရိုက်မယ်ကွာ သုံးရက်နဲ့ တစ်ကား
1:10 PM 4/20/2013

No comments:

Post a Comment