Saturday, April 6, 2013

အနမ်းနေ့ စွဲ

ရေး - ငယ်ဆူးသစ်
ဆို - ဇော်ပိုင်

နွေလယ်ညလေညင်းရေ ငိုနေခဲ့သောရင် အိပ်သွားအောင် လုပ်ပေး
ဟိုစဉ်ကနေ့ စွဲတွေ ရင်မှာတမ်းတနေ အိုး … ရေ …

အကြင်နာမဲ့ညတွေ ဆိုးလွန်းလို့ သံစဉ်လေးညည်းကာ
မင်းအတွက် အလွမ်းတို့  အရင်လို တို့ လက်တွဲလိုက်
အချစ်တွေ ပြန်ရှင်ခွင့်ပေးလေ အိုး … ဟိုး

မျှော်လင့်နေမယ် နင်မရှိတော့ တစ်ယောက်တည်း ငါလွမ်းနေလို့ 

ငါလေ ပြန်ဆုံဖို့ တမ်းတတယ် မင်းသိနိုင်မှာလား
အိပ်မက်ထဲနှိပ်စက်သူ မင်းအပြုံးလေး
ဒီမှာ အဖော်မဲ့သော ကိုယ့်ညမှာ မင်းအရိပ်တွေဖြတ်သွား
ဘယ်လိုအစားထိုးရမယ် နင်ချန်ထားခဲ့ ပြန်လိုချင်ဆုံခဲ့ကြတဲ့ နေ့ စွဲလေး

ဒါ အိပ်မက်မဟုတ်ဘူးနော် မဆုံနိုင်မယ့်စည်းတွေ နှစ်ဦးစလုံးမှာ မရှိခဲ့
ဒီလိုနဲ့ တို့ ဝေးပြီ အကြင်နာလည်းပျောက်ပြီ အို … ဟို …

ဝေးနေဖို့ ငါမဖြစ်သေးလို့  မင်းပဲပြန်လာခဲ့ဖို့ တကယ်လိုအပ်လွန်းလို့ 
အနမ်းလေးတွေနဲ့ ကျိန်စာသင့်သွားခဲ့တော့ ပြေးလည်းမလွတ်ခဲ့
မှတ်မိနေဦးမလား …
အနမ်းရဲ့ နေ့ စွဲလေး …

No comments:

Post a Comment