Saturday, April 6, 2013

မျှော်လင့်ကမ်းစပ်




 ရေး     - ဖိုးကာ
ဆို      -  ဇော်ပိုင်

အသက်ဝိဥာဉ်ကင်းမဲ့ လေလွင့်အေးစက် သူ့ နှုတ်ခမ်းများ
ညများထဲ ခြောက်လှန့် နေ ငါ့ရဲ့ အခန်းမှာ ပျံဝဲခဲ့
ယစ်မူးမှု ဒဏ်ရာ ငါ့နှလုံးသားမာယာအဆိပ်သင့်လို့ 
လှည့်စားခြင်း ငါ့ကမာချာချာလည်မူးသွား…အိုး

အသည်းကွဲမတတ် ရူးသွပ် တပ်မက်ဆဲပါ/တပ်မက်ရင်းနဲ့  (Oh)
ဘဝပျက်မတတ် တောင့်တ
စောင့်မျှော်သူတစ်ယောက်/အမှောင်မိုက်မှာ မိုက်မဲစွာ စောင့်မျှော်ဆဲပဲ
ဘယ်မှာ အဆုံးသတ် မျှော်လင့်ချက်ရဲ့ ကမ်းစပ်
မျောလွင့်နေခဲ့/ဟိုးအဝေးကြီးကကမ်းစပ်
မျှော်လင့်ရင်း ရူး … Oh! …

ထိန်းချုပ်ဖို့ ခက်တဲ့ ခြေလှမ်းများက အင်အားမဲ့ခဲ့
မပီဝိုးတဝါး မသဲကွဲညဟာ အဆိပ်ခွက်ထဲပျော်ဝင်အေးခဲ့

ငါ့ရင်ခွဲကာ အသည်းကိုမင်းကြည့်
မင်းကိုချစ်တဲ့ သွေးဟာ ပူနွေးဆဲ/မင်းကို ချစ်မိ လောင်ကျွမ်းဆဲ
ယစ်မူးသော ငါ့ရဲ့ ကမာအမှောင်မှာ ရှုံးနိမ့်

No comments:

Post a Comment