Monday, January 25, 2016

သောကတောင်တန်း

ရေး - မြန်မာပြည်သိန်းတန် 
ဆို - မြန်မာပြည်သိန်းတန် 

တောင်ပြာတန်းက မောင့်အချစ်ကို
ကြင်နာပါရက်နဲ့လမ်းခွဲကာ
မောင်ဖန်တီးတဲ့ချစ်ရက်ရှည်များကို
ခုမှအလွမ်းပိုနေသလို
မောင်အချစ်ဆုံးက မေ့တစ်ယောက်တည်းကို
ဒီအချိန်အသည်းကသိလိုက်တာ
ဆန္ဒလေးများ နောက်ဘဝရည်စူးကာ
မဖြစ်နိုင်တော့တဲ့အချိန်မှာ

နှင်းဆမ်းတဲ့ပန်းကလေးများလည်း လန်းရွှင်ခဲ့
မောင်ဘဝပါပဲ အကြင်နာလေးများ
သို့ပေမယ့် နှောင်းခဲ့တဲ့အတိတ်နဲ့ မင်းကိုမောင်လွမ်းနေဆဲ
ချစ်လို့နေမြဲ ယုံကွယ်

ငိုချင်ရက်နဲ့ ပြုံးတာလည်း မလွယ်
အာရုံမှာ အလွမ်းဆွေးများတဝဲလည်
အကြင်နာအချစ်ရဲ့အနှစ်အရသာလေးများ
အသည်းမှာ အခုမှ မြင်လာ

(ဒီသီချင်းတစ်ပုဒ်တည်းနဲ့ကို မြန်မာပြည်သိန်းတန်ကြီးဟာ ချစ်ဖို့ကောင်းနေပါပြီလေ)

No comments:

Post a Comment