Friday, November 25, 2016

မှန်

တေးရေး- မောင်မောင်ဇော်လတ်
တေးဆို-လေးဖြူ

ကြည့်မှန်တစ်ချပ်ရှေ့ရပ်ကြည့်စကားပြော ငါ့အရိပ်နဲ့ငါ ဘယ်သူအမှန်တုန်း
ကောင်းသောနေ့ပါ နုတ်ဆက်သွားတဲ့မနေ့က ကောင်းမုတွေအားလုံး
အပေါစားမျက်ရည်တစ်စက်နဲ့လွမ်းတဲ့ငါ့ရဲ့နှလုံးသား ငိုနေတုန်း
အပြစ်တင်ချင်တယ်လွဲအောင်ရှောင်ဖယ်ဟန်ဆောင်နေတုန်း
ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင်ရှာဖွေနေတုန်း
အနက်ဆုံးတွင်း ဘာလဲဗျ မေးတဲ့သူဋ္ဌေး သား မင်းကဒီကိုလာ
အကောင်းဆုံးကားဘာလဲဗျ မေးတဲ့စားပွဲထိုးလေးရေ ဆောရီးပါ
အနိမ့်အမြင့် လောကဓံများနဲ့ လောက စိတ်ဓါတ်ကျလို့မနေနဲီု့း
ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင်ရှာဖွေနေတုန်း
အပြစ်တင်ချင်တယ်လွဲအောင်ရှောင်ဖယ်ဟန်ဆောင်နေတုန်း
ဘာမှငါမရချင်ဘူး ငါ့ဘ၀ကိုငါ့ကိုပေးပါ
ဘာမှငါမရချင်ဘူး ငါ့ဘ၀ကိုတွေ့ခွင့်ပေးပါ
ဘာမှငါမတောင်းဆိုဘူး ငါ့ဘ၀ကိုငါ့ဆီအပ်ပါ
ဘာမှငါမကြားချင်ဘူး ငါ့ဘ၀ရဲ့အကြောင်းကိုပြောပါ
တွေ့ချင်တယ်လေ သိချင်တယ်လေ ကြားချင်တယ်လေ ကြည့်ချင်တယ်လေ
တွေ့ချင်တယ်လေ သိချင်တယ်လေ တွေ့ချင်တယ်လေ သိချင်တယ်လေ
ငါဘယ်သူတုန်း


လေးဖြူ

No comments:

Post a Comment