Saturday, April 6, 2013

မြို့ အဝင်ည



ရေး - ဇဝါ
ဆို  - ဇော်ပိုင်


နေဝင်ရင် မြို့ ဟောင်းလေးရဲ့ လမ်းတစ်ချို့ /များမှာ
လမ်းမီးများ လင်းတဲ့အချိန် သီချင်းလေးကတော့ရောက်နှင့်တယ်
အဆုံးမဲ့ကွင်းပြင်တွေနဲ့ ညရဲ့ လရောင်ပြာထဲ မြို့ ရဲ့ လမ်းတွေလျှောက်ချင်တယ်

ရင်ထဲစီးဆင်း သီချင်းလေးညည်းရင်း
အခုညတွေဆို  (ဒီ) မြို့ လေးထဲသို့ ဝင်လာခဲ့ပြီ
(ခံစား လက်ချင်းဆက်/လက်တွဲရင်း
တေးသွားတွေ မြို့ ကိုခြုံလွှမ်းဆဲ /ကြယ်တွေလိုပျံ့ နှံ့ ခဲ့
အေးချမ်းစွာ မီးရောင်စုံ/ရောင်စုံလူများနဲ့  ညလေးစီးဆင်း)

ရင်ခုန်သံ တူညီသူတွေ ဟိုအရင် အလှမ်းဝေးလွန်းကြလည်းပဲ
အခုညတော့နီးနေပြီ ရင်ထဲက အလှမ်းဝေးလွန်းကြလည်းပဲ
မြို့ ကိုပြန်လည်ကလေ ပေးဆပ်မည်

ကြည့်စမ်း ညဆီ တို့ လည်းစီးဆင်း
အခုညတွေဆို မြို့ လေးထဲသို့ ပျော်ဝင်ခဲ့ပြီ (. . .)

နေဝင်ရဲ့ ဟောဒီမြို့ ရဲ့ လမ်းများမှာ လမ်းမီးများလင်းတဲ့အချိန်
သီချင်းလေးများနဲ့ ရောက်ခဲ့ပြီ အဆုံးမဲ့ကွင်းပြင်များနဲ့ 
ညရဲ့ လရောင်ပြာထဲ ဒီမြို့ ကိုနမ်းရှိုက်ရင်း

အတူတူသီချင်းလေးတွေ ညည်းရင်း ပြာသောညတွေစီးဆင်း … Yeah . . .

No comments:

Post a Comment