Tuesday, December 6, 2016

ပလက်ဖောင်းမင်းသား

ရေး - စိုင်းခမ်းလိတ်
ဆို - စိုင်းထီးဆိုင်

ကြယ်ရောင်တွေပျောက်တဲ့ညမှာ အပြင်လောကထဲ ထွက်လာသူ
အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ်မမြည်တော့ဘူး
မာကျူရီမီးလုံးအောက်မှာ ကိုယ့်အိတ်ထဲ လက်နှိုက်ရှာကြည့်
ငွေရယ်ဆိုလို့ ဆယ်တန်နဲ့အကြွေတစ်ချို့
ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု
မျက်ရည်ကျပြီး လိုက်ခေါ်သူရယ်မရှိ သေလိုကသေနိုင်၏ ရှင်လိုက ရှင်နိုင်၏
ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်မှ ပြန်လာမယ် ပြန်ခဲ့မယ် ယောင်္ကျားမို့
ကိုယ်သူဌေးဖြစ်ခွေးဖြစ်ပါပဲ
ဒီလိုနဲ့ရက်ပေါင်းများစွာ ငတ်ခြင်းနဲ့ပြေးတမ်းလိုက်တမ်း
လူဆိုတာဟာ တော်ရုံနဲ့သေခဲ ကြာလာတော့လည်း ခံနိုင်ရည်နဲ့ဝ
အပျံသင်စ တစ်ဖြစ်လဲတဲ့အခါ ကိုယ်ပလက်ဖောင်းမင်းသား အရင့်စား
ရေဆိုတာဟာ နွေခါမှာ ခက်သေး ငွေဆိုတာဟာ ရှာနိုင်သူအဖို့မရှား
လုပ်စရာရှိတာ ပြီးအောင်မြန်မြန်လုပ်
သိပ်မတွေးနဲ့ သိပ်မမေးနဲ့ အချိန်ကုန်တယ် လေကုန်တယ်
အရလွယ်တိုင်းလည်း တွေ့တာအကုန်မယူနဲ့
အန္တာရာယ်က လက်တစ်ကမ်းမှာ
ကြာကြာဝါးမယ့်သွား ဘာစားစားအရိုးကြည့်ရှောင်ဟေ့
ဖော်မစုံသူသောက်တဲ့အလင်းဆိုင် ကိုယ်ကြိုက်တဲ့ အခုခေတ်ပေါ်သီချင်း
ဖီလင်ဆိုတာ ဒီဟာကို ခေါ်သလား
ဘာရယ်ညာရယ်ကိုယ်လေမသိပဲ ဆေး
အချိန်တန်တော့ ဘဝပေးကုသိုလ်
ကိုယ်လည်းပဲ အတွဲလေးနဲ့မိ
မဒ္ဒီကိန္နရီ စံချိန်မမှီပေမယ့် ဟာနေတာကို မဟာရုံသူဖြည့်ပေး
ရွေးနေရအောင် မင်းကဘာကောင်လဲ
အကောင်းဆုံးက အကောင်းဆုံးပေါ့ တန်ရာက တန်ရာပေါ့
ရုပ်ရှင်ကြည့်ပြီး ရူးချင်တယ်ဆိုလည်း ကပ်လပ်စနဲ့ ကပ်ဦးပေါ့
ထရံထက်မှာ ရွှေမင်းသမီး ဇတ်ကား ကြော်ငြာ
လူဆိုတာ အချစ်ရဲ့ကျေးကျွန် ထီထိုးရင်းတိုက်ဖို့မေ့ရင်း
ဒီအခြေအနေကို ပျော်တယ်လို့မယူဆရင် ပျော်တယ်ဆိုတာ ဘာလဲကိုယ်မသိတော့
နာမည်ကျော်ငွေရှိတဲ့ဘဝဟာ
အိပ်မက်နဲ့ပဲ ကျိန်းကြေတတ်
ဒီအရွယ်မှာ ကိုယ်ဘာကောင်လဲ ကိုယ်မသိရင်
ကိုယ်ထင်တာထက် ကိုယ်ဟာပိုပေါ့
(
ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွှေ့
လျှောက်ဦးဟေ့ လျှောက်ဦးဟေ့ နောက်ဆုံးနေ့
ကိုယ်ပလက်ဖောင်းမင်းသားအရင့်စား)2






No comments:

Post a Comment