Tuesday, December 6, 2016

အားလုံးကိုပျော်စေချင်သူ

ရေး - စိုင်းခမ်းလိတ်
ဆို - စိုင်းထီးဆိုင်


အစကတည်းက အတွယ်အတာတွေများ အားလုံးကို ပျော်စေချင်တာ ကိုယ့်အားနည်းချက် မြွေမသေတုတ်မကျိုး မလွယ်တဲ့အဖြစ်မျိုး ရည်မှန်းချက်တကယ်ကြီးမားခဲ့သူ ကိုယ်ပါ ရင်မှာလေဘယ်လိုရှိမယ် ပြောဖို့ရာလူမဟုတ်ဘူး မင်းစိတ်နဲ့ပဲ နှိုင်းပေါ့ ရွှေမျက်နှာကြည်လင်နေတာပဲ အသံကလေးတွေ ရယ်ရွှင်နေတာပဲ ကိုယ်ကြားချင်တယ် ဒါပေမယ့် ထင်သလိုစေတနာ အကျိုးမပေးပုံရယ် ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကိုပဲ ယိုး ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကဆိုး

ချစ်သမျှကိုဆိုတဲ့နှုတ်ဖျား ဖြစ်ရလေဆိုတဲ့သက်ပြင်းကိုယ်ချရပြီ ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ရသူကိုယ်ပါ ရင်မှလေရွှေလိုဥတဲ့ ချစ်ဂရုဏာတွေတောင်မှာ ဒေါသအတောင်ပေါက်ခဲ့ပေါ့ ချော်လဲရင် ဖုန်တွေခါကာရယ် ထူပေးချင်တယ် နာထဲအခါ အကြင်နာအာငွေ့နဲ့မှုတ်ပေးချင်တယ် ဒါပေမယ့်ထင်သလို ထာဝစဉ်လုပ်မပေးနိုင်တယ်
ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကိုပဲ ယိုး ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကဆိုး

ကောင်းကွက်တွေ ထောင်ချီပေမယ့် ဆိုးကွက်တစ်ခု ဝင်လာတာနဲ့အကုန်ပျက်ရတယ် ငိုချိန်ရောက်မှ ငိုလေဦးပေါ့ မြိုသိပ်ရင်းပေါက်ကွဲခဲ့သူကိုယ်ပါ ရင်မှာလေ မြင်ခဲ့ဖူးတဲ့ ချစ်ဗိမ္မာန်ဘယ်လိုနီးမလဲ လက်လျော့ကာနီးလေးပေါ့ ဘယ်စကားတွေ ဘယ်တစ်ခါတုန်းက ကိုယ်ပြောမိမှားတာလဲ ဘယ်အပြုမှု ဘယ်အချိန်တုန်းက ကိုယ်လုပ်မိမှားတာလဲ အဖြေမှန်တွေ ရှာလေကြာလေရှုပ်ထွေးလေ
ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကိုပဲ ယိုး ချစ်သူရေ တို့နှစ်ယောက်ရဲ့ကံကဆိုး


mmlyric,blogspot,com

No comments:

Post a Comment