Tuesday, December 6, 2016

ချယ်ရီပင်အောက်နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိ

ရေး - စိုင်းခမ်းလိတ်
ဆို  - စိုင်းထီးဆိုင်

ချယ်ရီတွေလည်း ငုံလာကာစ ရှိသေးတယ် တွယ်တာစိတ်လည်း
ရင်ထဲမှာ ပေါ်လာဆဲကွယ် ချစ်ပန်းကလေးတွေ
ဝေဆာပွင့်ဖူးတဲ့ အချိန်ကောင်းဝယ် ချယ်ရီပင်အောက်
နောက်တစ်ခေါက်ပြန်မှ တွေ့မလားကွယ်

ချယ်ရီကိုတော့ မယုံနိုင်စရာ အကြောင်းမရှိဘူးကွယ်
ကံကိုတော့လေ မယုံဝံ့လို့ ကိုယ်ဆုတောင်းမယ်
ချစ်တဲ့မင်းတစ်ယောက် ကြင်နာသူ မရှိနှင့်စေဖို့ရယ်
ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိဝယ်

ရင်ခုန်စေတဲ့ ရှမ်းအိုးစည်သံ ကြားတိုင်းဝယ် ပြန်မြင်ယောင်မယ်
နှစ်ယောက်အတူတူ ကတဲ့ညရယ် တောင်ပေါ်မြေဖွဲ့
ရှမ်းသီချင်းသံများ ကြားတိုင်းဝယ်
အိမ်ပြန်ဖို့ကို မမေ့နိုင်အောင်ပဲ ဖြစ်ရတယ်

မျှော်နေသူနဲ့ ပြန်ချင်သူနဲ့ မတွေ့သမျှကွယ်
အနေကြာသွားရင် စိတ်ပြောင်းမှာကို ရင်လေးတယ်
ချစ်တဲ့မင်းတစ်ယောက် ကြင်နာသူ မရှိနှင့်စေနဲ့
(
ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိဝယ်)



No comments:

Post a Comment