Tuesday, December 31, 2013

အသည်းလေးမကွဲဖို့ပြင်ဆင်နေတုန်း

ရေး - ကိုမိုး
ဆို - သဇင်

ချစ်မိတော့လည်း စကားများစွာလည်း
သတိရတဲ့အကြောင်းပါ အမြဲပြောခဲ့တာ
ညအိပ်ရာဝင်လည်း အိပ်မက်တဲ့အကြောင်း တမ်းတတဲ့အကြောင်းအရာ
မင်းပြောတဲ့ ပုံပြင်ပါ ထားခဲ့မယ်ဆိုတာလား

ခဏခဏမပြောနဲ့ လမ်းခွဲဖို့စကား
အသည်းလေးမကွဲဖို့ အချိန်မီအကြောင်းကြား
တိုင်းဗုံးတစ်လုံးကို မင်းခလုတ်နှိပ်မဲ့ ကျောခိုင်းမဲ့စကား
ဒါဟာယုံစရာလား ငါအသည်းလေးမကွဲဖို့ပြင်ဆင်ရအုံးမှာ တာ တာ
ငါ အသည်းလေးမကွဲဖို့ပြင်ဆင်နေတုန်း တာ တာ တာ

သီချင်းတစ်ပုဒ်လိုပဲ ပြီးသွားတော့လည်း
ရိုးသွားတဲ့ အကြောင်းအရာ အချစ်အကြောင်းလား
ပြန်ကြည့်မိတော့လည်း အခိုက်အတန့်ခဏပဲ ရူးမူးနိုင်တဲ့အရာ

ဦးနှောက်ခြောက်စရာပါ နှလုံးသားလေးပါရဲ့လား

No comments:

Post a Comment