Tuesday, December 31, 2013

ဘယ်လောက်ဝေးနေနေ

ရေး - ဇဝါ
ဆို - အာဇာနည်

မင်းအနားမှာ နေတဲ့ ညနေစောင်းတဲ့လမ်းမှာ အတူလျောက်ရင်း
မင်းနှုတ်ခမ်းပေါ်ကျသော အလင်းရောင်ဟာ တသက်လုံးငါ့အတွက် ကဗျာတစ်ပုဒ်လေပဲလေ
မင်းနဲ့ငါအတူရှိခဲ့တာတွေ ပြန်ပြီးမရတော့တဲ့ အခြေအနေလေး
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာ တစ်သက်လုံး ပေးထားကာနေတော့မယ်
ငါဘာများတွေးနေမယ် ဘယ်လိုများဆွေးနေမယ် ပြန်မငဲ့ကြေး
အကုန်လုံးနားလည်တယ် အကုန်လုံးရပါတယ် အေးဆေးပါပဲ

ဘယ်လောက်ဝေးနေနေ ရင်ခုန်ဆဲပါလေ
အချိန်များပြောင်းလဲသွားလည်း မဟောင်းတဲ့အကြောင်းအရာတွေ
ဘဝမှာရှင်သန်ရချိန်တွေ /နေရင်းနဲ့
ခံစားချက်အပြည့်နဲ့ မင်းကိုချစ်တုန်းပဲဘေဘီဘ
တစ်နေ့နေ့မှာ မထင်ဘဲတွေးလာရင် မင်းရှင်းလင်းမပြပါနဲ့
ဝေးသင့်လို့ ငါတို့ဝေးတာလေ တစ်သက်လုံးအရှုံးများကိုကျေနပ်တယ်
မင်းမသိတဲ့ဘဝအဓိပ္ပာယ်ကို ဖြည့်စွက်ခွင့်ရတာပဲ
ဆုံဆည်းရမှချစ်တာမဟုတ်ဘူးကွယ် တစ်သက်လုံးအဝေးကနေ

ကြွေဦးမယ်

No comments:

Post a Comment