Tuesday, December 31, 2013

ဖြေကြည့်မလား

ရေး - မိုးမိုး
ဆို - မိုးမိုး

မနက်ဖက်အိပ်ရာထတဲ့အခိုက်မှာ
အမြဲတမ်းဒါပဲစဉ်းစားနေခဲ့ သွားတိုက်ပြီးတော့
Breakfast စားလည်း ခေါင်းကုတ်ပြီးတော့ တွေးတောနေဆဲ
ဒီမေးခွန်းတွေ မဖြေနိုင်ရင်လေ အရှက်တော့ကွဲပြီ ဒုက္ခတွေ
ရေရေလည်လည်တိုးပြီ အမေရေ ကယ်ပါဦး အားလုံးကယ်ကြဦး
ဖြေကြည့်မလား ခေါင်းမကုတ်နဲ့ကွာ စိတ်မရှုပ်နဲ့ကွာ အဖြေပေးပါ
မဖြေနိုင်ရင်လေ ဆောရီးပဲတဲ့ အဖြေများသာ ရရှိခဲ့ရင် တို့အတွက်အောင်ပွဲ
ဒီအတိုင်းဆို ယောက်ျားတို့ဇွဲနဲ့ကြိုးစားဖြေကြမယ်
သွားလို့သွားမှန်း စားလို့စားမှန် မသိလောက်အောင် ဒီမေးခွန်းတွေက
ကြီးစိုးပြီးတော့ ဦးနှောက်ထဲမှာ ကမောက်ကမဖြစ်နေ ရှုပ်လို့နေခဲ့
နံပါတ်(၁) လိုနေတာ က သွားပို့ရမဲ့ နှင်းဆီနက် ငါဘယ်လိုရှာဖွေရမလဲ
စဉ်းစားရတာ အရမ်းကိုခက်
နံပါတ် (၂) အရှေ့ကို လျှောက်ပါလို့ သီချင်းကိုဘိုလိုဆို
နံပါတ်(၃) အတွက်လည်း သီချင်းရေးသူကိုမသိလို့စိတ်တွေတို
အိပ်နေလို့လည်း မပြီးသေးဘူး
နံပါတ်(၄)ကတစ်မျိုး မဖြစ်နိုင်တာတွေ ချုင်းဖို့အတွက်ဆို
ပါစပ်ကလေးကချို တစ်ရာတန်တစ်ရွက်ကို
လက်မှတ်ထိုးပြီး လှူလိုက်ပြီးမှ လိုက်ရှာ
နှစ်ရက်တာအတွင်းမှာတွေ့အောင်ရှာမှ သူကငါ့ကိုကြိုက်မှာ
နံပါတ်(၅) မေးခွန်းကလည်းဘယ်လိုလုပ်ရမလဲ ခေါင်းတွေစား
စိုင်းစိုင်းရဲ့ဆွဲကြိုးကိုမှ လိုချင်တယ်လို့ တောင်းနေကြ
နံပါတ်(၆) ပြဿနာအတွက်လည်း ငါ့မှာစိတ်ဓာတ်တွေကျတယ်
တင်းနစ်ချန်ပီယံကို ငါကနိုင်အောင်ရိုက်မှရမယ်
နောက်ဆုံးတစ်ခု နံပါတ်(၇) အတွက် ပုစ္ဆာကအဖြေထုတ်ရခက်
သိမ်းကြီးဈေးတောင် ခွေးတစ်ဟောင်း နံရံတောင်တက် ပြုံးပြလျှက်တဲ့
ဒါတွေကို အဖြေမရှာနိုင်သရွေ့ လိုတဲ့အဖြေလည်း မရပါ

အဖြေခက်နေတဲ့ ပုစ္ဆာတွေနဲ့ နောက်ဆုံးတော့လည်း ငါ့မှာ

No comments:

Post a Comment