Tuesday, December 31, 2013

ရှည်ကြာလွန်းတဲ့အခိုက်အတန့်များ

ရေး - မိုးမိုး
ဆို - မိုးမိုး

နေဝင်ချိန်တွေမှောင်လွန်း မင်းမရှိနေ့ရက်များ
နာကျင်နေဒီဒုက္ခများ ငါလေ လွှင့်ပစ်လို့ရမလား
ပျော်ရွှင်စရာတွေအသံမဲ့ ရင်ခုန်ကင်းမဲ့နေ့ရက်များ
ငိုချင်တာတွေထိန်းရလို့ ကြာရင်ရူးလို့သွားမှာလား

(အလင်းတန်းများလိုအပြုံးလေး ငါမေ့လို့ရမှာလား
စွဲလမ်းခြင်းတွေနှိပ်စ်ကလို့ ငါလန့်နိုးခဲ့တဲ့အိပ်မက်များ
ရင်နှီးခဲ့ရဖူးတဲ့ မင်းရဲ့ပါးပြင်အား
တမ်းတလို့ ငါလွမ်းခဲ့ရ ရှည်ကြာလွန်းတဲ့အခိုက်အတန့်များ)

ပြန်ဆုံနိုင်ဖို့အခွင့်အရေး ငါမျှော်လင့်ခွင့်ရှိပါ့မလား
ကြင်နာသူရေ မင်းမရှိတော့ တကယ်စိတ်သုဉ်းခဲ့ အိပ်မက်များ
ပျော်ရွှင်ပါစေအချစ်ကလေး ငါစိတ်ကူးထဲက အရိပ်များ

လိုချင်နေတဲ့ဆုတောင်းလေးတွေ တစ် ချိန်မှာရဖို့ဖြစ်နိုင်မလား

No comments:

Post a Comment