Tuesday, December 31, 2013

ချစ်ပါရစေ

ရေး - ချမ်းချမ်း
ဆို - မိုးဟေကို

အပင်ထက်ကကျေးငှက်ကလေးများ နှိုးတဲ့ဒီနှိုးစက်(အခုရပ်)
အိပ်မက်လေးထဲကနိုးထ အချစ်ရဲ့မနက်ခင်းလည်း(မင်းအတွက်)
နွေးထွေးဘဝအရိပ်ကလေးမင်းနဲ့နီးချိန်လေး
မင်းနဲ့ဝေးဖို့အရေးအခုတို့မတွေးချင်

(ဂရုမစိုက်ဘူး တခြားသူတွေဘယ်သူခွဲခွဲတို့မခွဲဘူး
ရူးအောင်တမင်ပြုစားနေဆဲ
မင်းအတွက်ပဲငါရူး
အားအင်တွေအစဉ်ပေးနေသူ
ကိုယ်အားကိုးပြီးချစ်ပါရစေအခု)

ရည်းစားများတဲ့မင်းရဲ့သတင်းကြောင့် ကိုယ်အိပ်ရေးပျက်(ရက်ဆက်)
ရုန်းရခက်တဲ့အချစ်ရဲ့စွမ်းအားတကယ်အစွမ်းထက်(မင်းအတွက်)
မင်းရဲ့အနားကဝေးပြေးဖို့ခက်ပြီဟေ့
မုန်းမေ့ဖို့တော့ဝေး ငါတကယ်ရူးပြီ
(ကိုယ် အားကိုးပြီးယုံချစ်မိလို့)
နားတွေပိတ်ကာကိုမင်းအကြောင်းတွေး
ဂရုမစိုက်ပါကိုယ်ကျေနပ်နေသရွေ့
အားလုံးပဲပြေးထွက်မယ် အားလုံးရဲ့အဝေး
အားကိုးပြီးချစ်လို့သွားမယ်ဟေ့

နောက်မဆုတ်ဘူး အရှုံးမပေးဘူး

ကိုယ်အားကိုးပြီးချစ်သွားမယ်အခု

No comments:

Post a Comment