Saturday, May 4, 2013

ရွာကျောင်းကဇတ်လမ်းလေး


ရေး - နေထွဏ်းဦး
ဆို - ဗညားဟန်

ပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့သလို မှတ်တမ်းကလေးဖြစ်နေတယ်
ဟိုအရင်တုန်းက ကျောင်းသွားဖော် ကလေးသုံးယောက်ရှိပါတယ်
စာကျက်ရင်လည်း အမြဲပဲ အတူဆော့ကစားလည်းမခွဲမခွာအတူ
ပူပင်သောကကင်းမဲ့စွာ စားလိုက်ကစားလိုက် ဘာကိုမှတွေးမပူ

သူငယ်ချင်းလေးသုံးယောက်မှာ မောင်ထွေးကချမ်းသာသူ
မယ်မွှေးကပြည့်ဝသူဖိုးခွေးလေးကမရှိရှာသူ
အခြေအနေကောင်းတော့ မြို့ကျောင်းကို မောင်ထွေးကပြောင်း
သင်ယူမယ်မွှေးလည်း လိုက်လို့အတူ ဖိုးခွေးလေးကရွာမှာကျန်ခဲ့သူ
ရွာကျောင်းကခေါင်းလောင်းသံနဲ့အတူ
မောင်ဖိုးခွေးကျောင်းဆရာနေရာယူ
မြို့ကြီးကဖိုးထွေး မယ်မွှေးဟာ
အတူပေါင်းဖက်မြို့ရဲ့အနံ့အသက်ကိုရှူ
အချစ်ဆုံးလို့ စွဲကာသတ်မှတ်ထားသူ
တစ်ချိန်ကျတော့ခွဲကာနေရာယူ
ရွာကျောင်းကခေါင်းလောင်းသံလေးကို
အချစ်ဆုံးလို့ ဖိုးခွေးသတ်မှတ်ယူ

4:53 PM 5/5/2013

No comments:

Post a Comment