Saturday, May 4, 2013

ဟေမာန်ဆောင်းနဲ့အတူ


ရေး - ဇော်ဝင်းနိုင်
ဆို - ဗညားဟန်

ချစ်သည်းအိမ်မှာလည်းပိတ်ထားပါသည်
နှလုံးသားတံခါးကိုလည်း တို့မဖွင့်ရဲပြီ လွမ်းတိုင်းမျက်ရည်လေးတွေ
ကြွေခဲ့ပါပြီ နှလုံးသားယှက်နွယ်တိုင်း သူ့အလိုကျစီ
နှစ်ယောက်သားဆုံတွေ့ခဲ့တဲ့ ဟေမာန်နှင်းတွေကျတဲ့နေ့ဆီ
ကြည်နူးမဆုံးနိုင်ပြီ ဒီဆောင်းကိုပဲ တမ်းတလို့မျှော်ရီ

အညာမြေမြောက်ပြန်လေတွေ နှင်းဝေသီဆောင်းအလှရဲ့
နှင်းမှုန်အကြားမှာ အချစ်ဘယ်မလဲဆီ ဆောင်းရင်ခွင်
သူ့အကြင်နာများ နွေးမိသည် ခုံလှုံခဲ့ပါသည်
ဒီဆောင်းရာသီ ကိုယ့်ရင်ထဲလွမ်းလို့ မှန်းမျှော်ရည်

ဟေမာန်ဆောင်း အချိန်မှန်ပြောင်း တို့အချစ်တွေသည်
အပြောင်းအလဲကြီးပြောင်းလဲသွားစရာ အကြောင်းရယ်မရှိတော့ပြီ ပြန်လာခဲ့ပါ
မျှော်နေရသူ ရင်မောလှပါပြီ ဒီဟေမာန်ဆောင်းနဲ့အတူ
အရောက်လာစေချင်သည်
နှင်းမှုန်ကြားမှာ အကြိုထောက်လို့ ကိုယ်စောင့်နေပါမည်

4:38 PM 5/5/2013

No comments:

Post a Comment