Saturday, May 4, 2013

ရွှေပေလွှာနဲ့ကမ္ဗည်းတင်မယ်


ရေး - နေထွဏ်းဦး
ဆို - ဗညားဟန်

မတန်မရာကိုလှမ်းမိတာလည်းသိပါတယ်
ကံကြမ္မာကို တွေးမကြည့်ပါ ပြေးကြည့်ချင်တယ်
ကိုယ်လိုကောင်လူမိုက်လို့ပြောပါစေကွယ်
ခံယူမယ် အချစ်အပြစ်ဒဏ်ပေးသမျှခံမယ်

လိုချင်ယူ အသည်းနှလုံးကို ပေးအပ်ပါမယ်
ယုံကြည်ပါအသည်းအသက်ကို ပေးချစ်ချင်တယ်
အကြင်နာလူမိုက်ဘွဲ့တစ်ခုကို ယူမယ်
တန်ပြန်လာအချစ်ပြစ်ဒဏ်ခါးစီးခံမယ်

(သီတာဒေဝီရဲ့အပေါ်
ဒဿမင်းအချစ်ထက်ကတို့ကသာတယ်
ရင်ဆိုင်ကြုံလာခဲ့ရင်
အသက်ကိုစတေးပြီးချစ်ပြချင်တယ် မင်းနားလည်)

ပင်လယ်ဖြတ်ကူးခဲ့ဆို ကူးခဲ့ပါမယ်
အာကာပြင်လှမ်းခဲ့ဆို မငြီးစတမ်းပါကွယ်
ရွှေပေလွှာပုရပိုက်နဲ့ ကမ္ဗည်းတင်မယ်
နောင်လာနောက်သားတို့သိအောင် အချစ်သက်သေကွယ်

4:26 PM 5/5/2013

No comments:

Post a Comment