Saturday, May 4, 2013

လွမ်းရင်ပြန်ခဲ့ပါ


ရေး - မင်းဂျွန်စိုး
ဆို - ဗညားဟန်

အတိတ်ကိုပြန်လွမ်းသတိရတိုင်းမှာ ရင်ထဲကအသက်လောက်
ချစ်ရသူ အသည်းထက်မှာ စာကမ္မည်းတွင်လို့ ထင်ကျန်ဆဲပါ
ချစ်သူမျက်နှာကဗျာ မမုန်းနိုင်သူ မမေ့နိုင်စရာ တစ်ချိန်ကချစ်သူစကားသံ
ကြားယောင်လာချစ်သူ အပြုံးရင်ထဲအရိပ်ထင်ဆဲပါ

တို့အတူလျှောက်ဖူးခဲ့တဲ့ လမ်းမှာ ကြိုကမ်းလင့်လို့ ချစ်သူပအပြန်
တမ်းတမျှော်နေရသည်က နွေလွန်မိုးဆောင်း တစ်နေ့သစ်တိုင်းရယ်ပါ
အချစ်ဆိုတာ အပြစ်ဆိုစရာ ဘာမှမရှိနိုင်တဲ့အရာ စိတ်မှာထင် စစ်မှန်တဲ့ ချစ်ခြင်းတရားကိုကိုးကွယ်

ရိုးစင်းတဲ့အချစ် တို့ရင်မှာတည် နေရာဟောင်းမှာ ချစ်သူ
တစ်ယောက်တည်းကျန်မပြောင်းလဲဘူး တို့သစ္စာတည်လျက်ပါ
ချစ်မိခဲ့သမျှ အလွမ်းညီမျှခြင်း ဒီကဗျာလေးတစ်ပုဒ် မင်းထံပို့ပေးမယ်
မင်းလွမ်းတတ်လို့လွမ်းရင်ပြန်ခဲ့ပါ

1:40 PM 5/5/2013

No comments:

Post a Comment