Saturday, May 4, 2013

ခဏလေးအချိန်မှာ


ရေး -မင်းဂျွန်စိုး
ဆို - ဗညားဟန်

မရှိခဏ ဘဝပုံဆောင် ဖြစ်တည်ရာ အစအဆုံး ပျက်မည်ကာ ကြွေလွယ်ပွင့်လွယ် ပန်းတို့ပမာ လူ့ဘဝဧည့်သည်တွေ အတိတ်မှာပြုထား
အကောင်းအဆိုး ကံကြမ္မာ ရှောင်ခွာတိမ်းဖယ် ပြေးမလွတ်နိုင် ပြုသမျှကံပဲ
ဆင်းရဲချမ်းသာ မညီ လူ့အလွှာ အဆင့်အတန်းခွဲ ကြပြန်သည်သူငါ အစွဲတွေမထားကြနဲ့ အတ္တစိတ်တွေဖယ်
တရားဒေသနာများနှလုံးသွင်းနိုင်လျှင်
သံသရာဆက်ရာ လမ်းကောင်းမြင်တွေ့ရမည်ကား

(သင်္ခါရတရားအတိုင်းရူမြင် ပွင့်ဆဲပန်းနွမ်းကြွေသွားပုံတွေ မတည်တဲ့သဘော အမြဲခြင်းတရားနာ
ဆယ့်တပါးသော မီးတွေကို ဘယ်သူပြေးလို့လွတ်နိုင်ပါသလဲ)

အလှည့်ကျရောက်လာမည် တွေ့ဆုံကြပြီး
ခွဲဖို့ကံကြမ္မာ ဘယ်အချိန်ရောက်လာမလဲ
မသိနိုင်အသိနဲ့ သတိကို ယှဉ်အမှားအမှန်ဝေခွဲတတ်ကြပေမယ့်တစ်ခါတစ်လေမှားခဲ့ဘူးကြမယ် ခဏလေးအချိန်မှာ ရုပ်ဝတ္တုတွေခင် ဓနဂုဏ်ငွေကြေး အစွဲမကြီးစေချင် အလှူ
ဒါနတွေပြုခဲ့ပါ ခဏလေးအချိန်မှာ

7:03 PM 5/5/2013

No comments:

Post a Comment