Thursday, May 2, 2013

နောက်ဆုံးရထား


ရေး - ကေအေတီ
ဆို - လေးဖြူ

ငါ့ဘူတာရုံကလေးလည်း တိတ်ဆိတ်တဲ့ ညတွေလို
အိပ်စက်ဖို့ အသင့်ပြင်တယ် ဘာမှမသိချင်သလို
ပြတင်းပေါက်က အလင်းလို တံခါးပိတ်တော့ပျောက်ကွယ်ပြီ
ဆုံးရှုံးသွားတာလည်း ဘူတာအိုလေး မသိနိုင်ပြီ

နောက်ဆုံးရထားလေး ထွက်ခွာသွားတော့
နောက်ဆုံးရထားလေး ငါ့ကိုနင်းချေရင်း ဆက်ပြီးသွား
နောက်ဆုံးရထားလေး ထွက်ခွာသွားတော့/နှုတ်ဆက်ရင်း

ဘဝအသစ်တစ်ခု ရှိနေမယ် လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ်
အတိအကျ မသိနိုင်လည်း ရည်ရွယ်ရာသို့ သွားနိုင်တယ်
ရထားတစ်စင်းက ထွက်ခွာချိန်မှာ ရထားတစ်စင်း နောက်ထပ်ရောက်လာမယ်
ဝေးလွန်းလှတဲ့ နေ့ရက်တွေထဲ ပြန်မဆုံနိုင်ဖို့ မဖြစ်နိုင်တယ်

တို့နှစ်ယောက်ရဲ့ မြင်ကွင်း ကြည့်ရင်းနဲ့ ဝေးကွာခဲ့
တဖြေးဖြေး မှေးမှိတ်သွားရင်း အစက်အပျောက်လေးလို
နောက်ဆုံးရထားလေး
နောက်ဆုံးရထားလေး ဘယ်သူမှမသိလိုက်ကြ
နောက်ဆုံးရထားလေး
နောက်ဆုံးရထားလေး
ငါ့ကိုနင်းချေရင်း ဆက်ပြီးသွား
ရထားလေး ထွက်ခွာသွားတော့

5:03 PM 5/2/2013

No comments:

Post a Comment