Thursday, May 2, 2013

အမြဲတမ်း


ရေး - ကေအေတီ
ဆို - လေးဖြူ

အရင်အတိုင်းပဲ ညများလဲ
နေ့များလည်းပုံမှန်တည်ရှိဆဲ
မြစ်ချောင်းများ မကုန်ဆုံးသေး
အရင်အတိုင်းပဲ ပင်လယ်ကိုစီးခဲ့

အချစ်များ အရင်အတိုင်း
စီးဆင်းဆဲလေ မပြောင်းလဲသေးဘူး အချစ်ရေ/အချစ်လေး
အချစ်များအရင်ကအတိုင်း
ကြင်နာသူရင်ထဲ သိမ်းထားလိုက် အမြဲတမ်း
ဒီအတိုင်းပဲငှက်များလည်း
ပျံသန်းဖို့ အတောင်တွေရှိဆဲပဲ
ဖန်ဆင်းထား ကမ္ဘာကြီးလည်း
စက်ဝိုင်းထဲမှာ အချိန်မှန် လှည့်လည်တယ်

အရင်အတိုင်းပဲ ညများလဲ
နေ့များလည်းပုံမှန်တည်ရှိဆဲ
ဖန်ဆင်းထား ကမ္ဘာကြီးလည်း
စက်ဝိုင်းထဲမှာ အချိန်မှန် လှည့်လည်တယ်

အမြဲတမ်း
အမြဲတမ်းချစ်မယ် မပြောင်းလဲသေးဘူး အချစ်ရေ
အမြဲတမ်း
အို  မပြောင်းလဲသေးဘူး အချစ်လေး
အမြဲတမ်း
ဒီလို ယုံကြည်ထားလိုက်တော့

4:32 PM 5/2/2013

No comments:

Post a Comment