Thursday, May 2, 2013

စီးဆင်းသွားတဲ့စမ်းချောင်းလေး


ရေး - ကေအေတီ
ဆို - လေးဖြူ

နွေလှမ်းကြည့်လိုက်ဦး
တဖြည်းဖြည်း စီးဆင်းသွား
စမ်းချောင်းလေး ပျောက်ဆုံး
ရွေ့မျောပါ ကြီးရင့်ခဲ့သူ
ကျောက်စိုင်ကျောက်ခဲဘဝ
စမ်းချောင်းလေး ထားရစ်ပြီး

ဘယ်ကိုစီးဆင်း(သွား)မလဲ
လမ်းကြောင်းက အဝေး
အို ဘယ်မှာဆုံးနိုင်မလဲ မသိနိုင်
တရွေ့ရွေ့နဲ့ဝေးဦး

ချန်ထားတဲ့ နောက်ဆုံး
ငြိမ်းချမ်း အေးစက်သော
စမ်းချောင်းလေး ပျောက်ဆုံး
ရိုင်းစိုင်းသူ နွေရဲ့ ကြားမှာ
မင်းကိုစွဲလမ်းတုန်း
စမ်းချောင်းလေး ထားရစ်ပြီး

အို ငါ့စမ်းချောင်းလေး ပျောက်ဆုံး
စမ်းချောင်းလေး ပျောက်ဆုံး
တရွေ့ရွေ့နဲ့ပဲ ဒီစမ်းချောင်းလေး ပျောက်ဆုံး
တရွေ့ရွေ့နဲ့ဝေးဦး
စမ်းချောင်းငယ်လေး ပျောက်ဆုံး
တရွေ့ရွေ့နဲ့ ဝေး ဦး

3:13 PM 5/2/2013

No comments:

Post a Comment