Thursday, May 2, 2013

အတောင်ပံတစ်စုံရဲ့စွမ်းအား


ရေး - အငဲ
ဆို - လေးဖြူ

မင်းရဲ့မျက်ရည်သုတ်လိုက် ဘာတွေဆုံးရှုံးခဲ့ပြီလဲ
နင်မေ့လိုက်လိုက်စမ်းပါ ကလေးရယ် မှားယွင်းမှုတွေလား
ဒါအမှန်တရားလား ဒီဆုံးဖြတ်ချက်တွေရယ်
ပြန်လည်သုံးသပ် ပြီးအချိတ်များကို ထိုးဖောက်ရင်း နင်ခံနိုင်ရည်ကိုမွေး
အိုး  ဘဝရဲ့အဓိပ္ပယ်ရှာကြည့်လိုက်
ဒီဆုံးရှုံးခြင်းနဲ့ ပျံသန်းလိုက်
မင်းတွေ့ရမယ့်အမှန်တရားများ
မင်းရဲ့မျက်ရည်သုတ်လိုက်
ရွှေရောင်အနာဂတ်ကို ကြည့်ဟေ့
သာယာတဲ့မနက်ခင်းများစွာ စီးဆင်းသွားဆဲပဲ
ခေါင်းမော့ကြည့်လိုက်ပါ ကလေးရေ
အိပ်မက်ဆိုးတွေ ထားခဲ့နာကျင်တဲ့  ခံစားချက်များနဲ့ ရင်ဆိုင်စွန့်စားခြင်းဟာ ဘဝ
မင်းရဲ့စွမ်းအားများနဲ့ ရုန်းထွက် ဘဝရဲ့ အဓိပ္ပာယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းနဲ့ ပျံသန်းလိုက် ရုန်းထွက်ရမယ့် အတောင်ပံများ
မင်းယုံကြည်လိုက် မင်းသိထားတဲ့အခက်အခဲများ မှားခဲ့တာ အခက်အခဲများ မှားခဲ့တာကမ္ဘာကြီးလား
ရုန်းထွက်ရမယ့် အတောင်ပံများ မင်းယုံကြည်လိုက် စွမ်းအားစွမ်းအား ရုန်းထွက်ရမယ့် စွမ်းအား စွမ်းအား
ကျန်ရစ်တဲ့ဘဝရဲ့ကြေကွဲခြင်းများ အမှောင်တွေ
ကျော်လွန်လာရင် မနက်ခင်းလေးပဲ အိုး
ကလေးရေ ရှေ့ဆက်ဖို့ဖြန့်လိုက် မင်းအတောင်များ
ဘဝရဲ့ အဓိပ္ပာယ်ရှာကြည့်လိုက် ဆုံးရှုံးခြင်းနဲ့ ပျံသန်းလိုက်ဒါဟာ ဘဝရဲ့အမှန်တရားလား
ဆုံးဖြတ်ရမယ် မင်းသိထားတဲ့ အခက်အခဲများ
မှားယွင်းခဲ့တာ ကမ္ဘာကြီးလား အတောင်ပံတစ်စုံရဲ့ အင်အားများ
ရုန်းထွက်ရမယ့် စွမ်းအား စွမ်းအား
ရေး   စွမ်းအား စွမ်းအား
ရုန်းထွက်ရမယ့် စွမ်းအား စွမ်းအား
ရုန်းထွက်ရမယ့် စွမ်းအား စွမ်းအား
(အမှောင်ကို ကျော်ရင်အလင်းစက်များ ယုံ
ကြည်စွာ နင်ရှေ့ဆက်ဖို့ အတောင်ပံတစ်စုံရဲ့
စွမ်းအားများ )

5:25 PM 5/2/2013

No comments:

Post a Comment