Thursday, May 2, 2013

မိုက်မဲသောအချစ်

ရေး - အငဲ

ဆို - လေးဖြူ

အိုး ပြန်ဆုံဖို့လမ်းစများနဲ့ကိုယ့်မှာမျှော်လင့်ရင်း
ရင်မှာဟောင်းနွမ်းခဲ့တဲ့အချစ်နဲ့ ငါ့ညတွေပြယ်လွင့်ခဲ့
ဘယ်သူမှားခဲ့တယ် ကိုယ်စီဆုံးဖြတ်ဖို့ခက်ခဲ
မာနတရားများစွာ ယုံကြည်ရာရှေ့ဆက်လို့ပဲဖြတ်ခဲ့ ဝမ်းနည်းမိ
ငါဟာအသည်းတော့ကွဲပြီ ချစ်သူရေမင်းသိလား
တကယ်ကိုဆုံးရှုံးပြီအချစ်ရေ

ပျက်စီးသွားတဲ့ငါ့အိပ်မက်နဲ့
နင်ရိုက်ချိုးတဲ့ငါ့ဘဝဟာ ညတွေပျောက်ဆုံးဆဲ
ငါ့မနက်ဖြန်များအဖြစ်လား မင်းရဲ့စိတ်တွေမှားယွင်းခဲ့
ပြန်တွေးလိုက်ရင် ငါ့ရဲ့အချစ်မိုက် မဲ
ခံစားမှုတွေအပြည့် ငါနာကျင်တယ်
ပြန်ဆုံဖို့လမ်းစများနဲ့ စိတ်တွေပျံသန်းဆဲ
တစ်ခါက ရင်းနှီးခဲ့တဲ့မင်းရဲ့အရိပ်တွေညမှာခံစားရင်း
တကယ်ဆိုဝေးနေခဲ့ပြီ အချိန်တွေကျိုးပဲ့လို့မီးရှို့ခဲ့
နင်ဟာ မိုးစက်များလို ရင်မှာအေးစက်ခြင်း မင်းလာခဲ့ ဝမ်းနည်းမိ
ငါဟာမေ့ပစ်လိုက်ဖို့ အားအင်တွေရချင်တယ်
မခံနိုင်ဘူး ချစ်သူလေးရေ

ပြန်ဆုံဖို့လမ်းလည်းမရှိတော့ ကိုယ့်မှာခံစားရင်း
ရင်မှာဟောင်းနွမ်းခဲ့တဲ့ အချစ်ကမီးလိုငါ့ကိုပူပြင်းဆဲ ဟေ့

2:18 PM 5/2/2013

No comments:

Post a Comment