Saturday, May 4, 2013

ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ


ရေး - မင်းဂျွန်စိုး
ဆို - ဗညားဟန်

မိုးကုတ်စက်ဝိုင်းအောက်မှာ ခါဦးမိုးတို့အကြိမ်ကြိမ်ပြို
ဝါဆိုဝဿန်မိုးသည်းရင် ငိုမိတယ် တို့နှစ်ယောက်အတူဖူးခဲ့တဲ့
ကျိုက်ထီးရိုးဘုရား ဆံတော်ရှင် စေတီမှာ တို့တစ်နှစ်တစ်ခါဆုတောင်းတယ် လွမ်းဆွေးခြင်းဝဋ် တပည့်တော် ကျေပါရစေ
သမုဒယချစ်ခြင်းဖွဲ့နှောင် ဒီမိုးသည်းထဲ အတူတူပျော်
ရင်ခုန်ခဲ့သော လဝါဆိုမိုးရယ် မိုးရိပ်မြင်တိုင်းလွမ်းတယ် ရာမညတိုင်းဆီ ပြန်လာပါ မကြင်နာလှည့်စားပစ်ခွာသူကြီးရေ
မိုးသည်းတိုင်း တို့လွမ်းနေပါဦးမယ်

မှိုင်းညှို့ရီမှောင်
အနောက်တောင်ဆီမှာ မိုးများခြိမ်းတဲ့အသံ
ရင်ခုန်စည်းချက် မိုးသံစဉ်တေးထင်
လမြတ်ဝါဆိုပန်းတွေစုံညီ
မိုးထဲဖူးပွင့်ချိန် ပြန်လာခဲ့မယ်ပြောတဲ့ သူကြီးရေ
မိုးလောက်မင်းကသစ္စာမရှိဘူးလေ
လွမ်းစိတ်ရင်ထဲမင်းမူ ချစ်ဖူးခဲ့သမျှ ဒဏ္ဍာရီ လွန်လေခဲ့သောမိုးရာသီတစ်နေ့မှာ
ချစ်လျက်စွန့်သွားခဲ့သူ ခါဦးမိုးစက် မကြွေခင်မှာ
မွန်ပြည်နယ်သို့ ရောက်အောင်ပြန်ခဲ့မယ်
သူ့စကားသံလေး ယနေ့တိုင်ပြန်ကြားယောင်

1:06 AM 5/5/2013

No comments:

Post a Comment