Saturday, May 4, 2013

မျက်ရည်လေးတွေပြည့်နေတဲ့ကန်


ရေး - ဗညားဟန်
ဆို - ဗညားဟန်

တစ်ခါတစ်ရံဆီကို ပြန်လည်လို့ သတိရမိတဲ့သူရယ်ပါ
အတူတူပျော်ဖူးခဲ့တဲ့ အတူတူကြည်နူးမိခဲ့တဲ့ ဒီနေရာမှာ
ဝေဒနာတွေထား ရစ်ခဲ့သူပါ

ရေလယ်မှာလှေငယ်လေးတစ်စီးနဲ့ တို့နှစ်ယောက်အတူတူပါ
ကြာပန်းတွေခူးလို့ရယ် ချစ်ဦးသူဦးထိပ်ထက်မှာပန်ဆင်ကာ
ရင်မှာလေအပြုံး ကြည်နူးလို့မဝခင် အချိန်လေးမှာ

ကံကြမ္မာမုန်တိုင်းရက်စက်လေပြီ ဖန်လာကံအကြောင်းတရားဆိုးတို့
သည် မြို့စလင်းရဲ့ဝက်သည်းကန်ရေအ
လယ်မှာ တို့နှစ်ယောက်ဝေးခဲ့ရလေပြီ

မြင်ယောင်နေပြီ ဟိုအရင်က တို့နှစ်ယောက်ဝေးခဲ့နေရာဆီ
မြင်တွေ့သမျှ အားလုံးဟာ ဒီကနေ့မှာ ဖြစ်ခဲ့ရသလိုလိုပါ
ရင်နာတဲ့အလွမ်း မခမ်းတဲ့ မျက်ရည်ကန်အလယ်မှာ

1:18 AM 5/5/2013

No comments:

Post a Comment