Saturday, May 4, 2013

နွေအလွမ်း

ရေး -
ဆို - စိုင်းဆိုင်မောဝ်

စမ်းကလေးတွေ ရေခန်းစေတဲ့ နွေ
ဩော် ပန်းကလေးတွေ ကြွေနွမ်းစေသော နွေ
သည်အချိန်မှာ မောင်တစ်ယောက် ပူဆွေးနေ
ဥဩတွန်သံကြားရင် ပိုကာလွမ်း လွမ်းရတယ်လေ

မောင့်စိတ်တွေ လေလွင့်စေသော နွေ
ဩော် မောင့်အသည်းတွေ ကြွေနွမ်းစေသော နွေ
သည်အချိန်မှာ အဖော်မဲ့ ငှက်ကလေးတွေ
ဆိုတေးသံကို ကြားရင် ပိုကာလွမ်း လွမ်းရတယ်လေ

ချစ်နေသူများအဖို့ ဝေးကြပြီ ဆွေးရပြီ
ငါနွေကျောင်းပိတ်ရက်ကို မလိုချင်ဘူးလေ
ဝေးနေသူများအဖို့ ဆွေးရပြီ လွမ်းရပြီ
ငါနွေကျောင်းပိတ်ရက်ကို မလိုချင်ဘူးလေ

သစ်ရွက်တွေ မြေသို့ ကြွေကျနေ
ဩော် ပန်းကလေးတွေ ကြွေနွမ်းစေတဲ့ နွေ
သည်အချိန်မှာ အဖော်ကွဲသူ အဖို့မှာ
ပူဆွေး စရာတွေ တွေးလေ ပိုကာလွမ်း လွမ်းရတယ်လေ

မောင့်စိတ်တွေ လေလွင့်စေသော နွေ
ဩော် မောင့်အသည်းတွေ ကြွေနွမ်းစေသော နွေ
သည်အချိန်မှာ အဖော်မဲ့ ငှက်ကလေးတွေ
ဆိုတေးသံကို ကြားရင် ပိုကာလွမ်း လွမ်းရတယ်လေ

ချစ်နေသူများအဖို့ ဝေးကြပြီ ဆွေးရပြီ
ငါနွေကျောင်းပိတ်ရက်ကို မလိုချင်ဘူးလေ
ဝေးနေသူများအဖို့ ဆွေးရပြီ လွမ်းရပြီ
ငါနွေကျောင်းပိတ်ရက်ကို မလိုချင်ဘူးလေ

သစ်ရွက်တွေ မြေသို့ ကြွေကျနေ
ဩော် ပန်းကလေးတွေ ကြွေနွမ်းစေတဲ့ နွေ
သည်အချိန်မှာ အဖော်ကွဲသူ အဖို့မှာ
ပူဆွေး စရာတွေ တွေးလေ ပိုကာလွမ်း လွမ်းရတယ်လေ

12:46 AM 5/5/2013

No comments:

Post a Comment