Thursday, May 2, 2013

မမေ့နိုင်ဘူး


ရေး - ကေအေတီ
ဆို - လေးဖြူ

ညလေး မှောင်မည်း တိမ်ညိုတွေကြား အလင်းပျောက်ကွယ်(အို)
ဒီလိုညမျိုး အိပ်လို့ပျော်အောင် လာပြီးဘယ်သူကများ နှစ်သိမ့်မလဲ
မင်းကိုငါတစ်ကယ်မမေ့သေးဘူး

လမ်းတစ်ဖက်ကြည့်ရင်း အတိတ်တို့ထွက်ပြေး
ကြိုးစားမေ့အောင် ငါမေ့မရပါ
အိပ်မက်လေးမက်ရုံနဲ့ ငါကြေကွဲတတ်နေပြီ
အရာရာ အရင်အတိုင်း ငါဟာ မမေ့နိုင်ဘူး

ဘယ်သူမှမရှိဘူး သန်းခေါင်ယံအောက် ငါ့တစ်ယောက်တည်း အချစ်ရယ်
သိမ်ငယ်ကြေကွဲ ငါ့စိတ်တွေဟာ လော်ကျွမ်း ဘယ်လိုပြန်ငြိမ်းသတ်ရမလဲ
(အို)မင်းပြောပါ လွယ်လွယ်ထွက်မသွားနဲ့
လမ်းတစ်ဖက်ကြည့်ရင်း အချစ်များ တောင့်တမိ
တို့ခဏလောက်သာ ဆုံခွင့်ရရင်
ဒီလိုအိပ်မက်များနဲ့ ငါမကြေကွဲပါစေနဲ့
ဘာမဆို အရင်အတိုင်း ငါဟာမမေ့နိုင်ဘူး

အားလုံးမမေ့နိုင်ခြင်းများ
အားလုံး အရာရာအားလုံး

ပြန်မရရှိတော့တဲ့ ဟိုတုန်းကအချစ်နဲ့ ပျော်ရွှင်စရာ ငါ့ဘဝနင်ယူသွား
အိပ်မက်လေး မက်ရုံနဲ့ ငါကြေကွဲရပြီပဲ
ဘာမဆို အရင်အတိုင်း ငါဟာမမေ့နိုင်ဘူး
ငါတကယ်ကိုမမေ့နိုင်ဘူး

9:59 AM 5/2/2013

No comments:

Post a Comment