Thursday, May 2, 2013

အဖြူရောင်စိတ်ကူးများ


ရေး - နိုင်းနိုင်
ဆို - လေးဖြူ

လောကကြီးထဲ ပြေးထွက်ကာ မွေးဖွားလိုက် လူ့ဘဝကြီးရဲ့ ကစားပွဲမှာ ရင်းပစ်လိုက်
မာယာနွံအိုင်ထဲက စည်းစိမ်များ
ဖြားယောင်းမှုရဲ့နောက် ဇွတ်မလိုက်နဲ့
စွန့်ပစ်ထားလိုက်တော့

ငါ့ရဲ့စကားလုံးများ မြှားတစ်စင်းလား
ကြွပ်ဆတ်တဲ့ စိတ်ဓာတ်များ
အရင်အတိုင်းသာ ဘဝကို ငါမြင်တော့
မင်းတို့အတွက်ရိုင်းနေမလား

မှားလား ငါ့ရဲ့အသွေးအသား မျက်ရည်များ
ငြိမ်းချမ်းရေးတရား ရှာဖွေနေ့များထဲ
ဟန်ဆောင်မှုတို့ကင်းတဲ့ အဖြူရောင်စိတ်ကူးရိုင်း
မုန်တိုင်းတံခါးဖွင့်လို့ထား

အကွေ့အကောက်များတဲ့ တို့ဘဝတွေမတားနဲ့တော့
နှလုံးသားမဲ့တဲ့ ဦးနှောက်တွေ သုံးမရတော့ဘူး
စွန့်ပစ်ထားခဲ့တော့ဟေ့

အဆိုးများနဲ အကောင်းတွေလား
အမုန်းများနဲ့ အချစ်တွေလား
ငါပိုင်ဆိုင်ဖူးခဲ့ မတုန်လှုပ်တော့
မလိုသူတွေ ကဲ့ရဲ့စကား
ဘယ်လိုပင် ပြောကြစမ်း
ထင်ရာကို စိုင်းမယ့် မြင်းအရိုင်းလား

အရိုင်းလေးတစ်ယောက်လို့မြင်ကြမလား
ငါဖြတ်သန်းမယ် အရိုင်းလေးတစ်ယောက်လို

9:41 AM 5/2/2013

No comments:

Post a Comment