Thursday, May 2, 2013

အရှုံးပြီးတော့အရှုံး


ရေး - ဇဝါ
ဆို - လေးဖြူ

ပုံရိပ်များငါ့ အခန်းထဲဖြန့်ကျဲ
ရင်မှာတော့ကိုယ်ငွေ့တို့စွဲနေပြီး
မင်းရနံ့လေး မီးခိုးလို ငါ့နဘေးရစ်ဝဲ
ကြင်နာချိန်ခဏပဲရခဲ့ ကျေနပ်ဆဲ
ငါမင်ါးကိုချစ်ခဲ့တယ်

ငါ့နှလုံးသားကို အနိုင်ယူပါ အချစ်လေး/ယူနိုင်
တယ်အချစ်လေး ရင်မှာအစထဲကရှုံးနိမ့်ဖို့
အသင့်ပြင်ပြီးသား
ငါ့နှလုံးသားကို အနိုင်ယူပါ အချစ်လေး/ယူနိုင်
တယ်အချစ်လေး ရင်မှာအစထဲကရှုံးနိမ့်ဖို့
အသင့်ပြင်ပြီးသား အနိုင်ယူဦးဟေ့

စာရွက်ထဲက အချစ်မင်းနှုတ်ခမ်းရာကျန်ခဲ့
ဖြေသိမ့်ရင်းငါတငွေ့ငွေ့ နမ်းမလို့
စိတ္တဇလို့အားလုံးထင်ပါစေတော့ ကြင်နာချိန်ခဏပဲရခဲ့ ကျေနပ်ဆဲ ငါမင်းကို
ချစ်ခဲ့တယ်
ခဏအချစ် ခဏဘဝကိုးကွယ်ထားမယ်
ရင်ထဲအမြဲပဲ ဝေဒနာများနဲ့ မင်းချန်ထားရစ်ခဲ့
ငါ့ဘဝ မင်းစိတ်ကြိုက်ပေါ့ အချစ်ရေ
ငါ့အချစ် ငါ့ဘဝ စိတ်တိုင်းကျ အနိုင်ယူပါ
အချစ်လေး

2:12 AM 5/2/2013

No comments:

Post a Comment