Thursday, May 2, 2013

အိပ်မက်ကဗျာ


ရေး - နိုင်းနိုင်
ဆို - လေးဖြူ

စူးစမ်းဖူးပါရဲ့ ငယ်စဉ်အခါ အချစ်များစွာ
ရူးမိုက်စွာငါဟာ တပ်မက်ခဲ့ရသော
မင်းရဲ့အချစ်တွေနဲ့ အရာရာဖန်ဆင်းမယ်
ထင်မှတ်ထားခဲ့သူ မီးကိုရှိုက်နမ်းခဲ့
အိမ်မက်ကဗျာ ကာရံမညီညာလေတဲ့ တို့အချစ်လေး အိမ်မက်ကဗျာရင်ခုန်သံရဲ့
မှတ်တမ်းလေး အိမ်မက်ကဗျာ
တို့နှစ်ယောက်ဝေးကွာဖို့ ဘယ်လိုအရာတွေ
ဆောင်ကြည်းတယ် ငြိမ်သက်စွာငါဟာ တောက်လောင်ခဲ့ရပေါ့  အတွေးများနဲ့ လေးလံတဲ့ သန်းခေါင်ယံ အချိန်ထဲမှာ အရာရာ
ကြည့်လိုက်ရင် မင်းရဲ့အရိပ်များပဲ

မှားယွင်းခဲ့ အချစ်အိမ်မက်လေး
ရင်ခုတ်သံ တစ်ချက်လှုပ်တိုင်းမင်းပါ
ငါဟာရှင်သန် အလွမ်းစိတ်နဲ့ ငါဟာမင်းကို
တမ်းတဆဲ နှလုံးသားလမ်းမထက် မျှော်နေဆဲ
ပါ
အိမ်မက်ကဗျာ ကာရံမညီညာလေတဲ့ တို့အချစ်လေး အိမ်မက်ကဗျာရင်ခုန်သံရဲ့
မှတ်တမ်းလေး
အတွေးများနဲ့ပြည့်နှက်နေ ရင်ခုန်သံမှတ်တမ်း
ဟာ လွဲမှားသွားခဲ့ရပြီ အိမ်မက်ကဗျာ

2:02 AM 5/2/2013

No comments:

Post a Comment