Thursday, May 2, 2013

မင်းနဲ့ကိုယ်ရဲ့အကြောင်း


ရေး - နိုင်းနိုင်
ဆို - လေးဖြူ

မင်းနဲ့တို့ချစ်ခဲ့တယ် ဟို တစ်ချိန်ကပါ
ဟောင်းနွမ်းသွားလည်း အသစ်တစ်ခုလို ပြန်တွေးရင်
မင်းပေးတဲ့ သတိရခြင်းမှာ ငါဟာလှောင်ပိတ်ဆဲပေါ့
မင်းမရှိတဲ့ နေ့ရက်များထဲ

မင်းနဲ့ကိုယ့်ရဲ့အကြောင်း ရင်မှာဖျောက်ဖျက်မရပါ
မင်းနဲ့ကိုယ့်ရဲ့အကြောင်း  ဟိုတစ်ချိန်နမ်းခဲ့ဖူးတဲ့ အနမ်းတွေ
(ငါမမေ့နိုင်)လွတ်မြောက်ဖို့ထွက်ပေါက်မရှိပါ
(စိတ်အတွေးမှာ) ရင်ထဲမှာ အလွမ်းများ
ငါဟာ ကျွမ်းလောင်နေပြီ

မမုန်းပဲလည်း တို့နှစ်ယောက်ဟာကွာဝေးခဲ့
ပြတင်းတံခါးဖွင့်ကာ အဝေးကြီး ငေးရင်းရင်မှာအဆွေးများ
မျောလွင့် သစ်ရွက်လေးရယ် ဖြေပါ သင်ဟာဘယ်ကိုသွားမလို့လဲ
ပြောပြလိုက်ပါသူသိစေဖို့
မင်းနဲ့ကိုယ့်ရဲ့အကြောင်း ရင်မှာဖျောက်ဖျက်မရပါ
မင်းနဲ့ကိုယ့်ရဲ့အကြောင်း  ဟိုတစ်ချိန်နမ်းခဲ့ဖူးတဲ့ အနမ်းတွေ
တို့နှစ်ယောက်ပြန်ချစ်ကြဖို့ ဘယ်လိုမှ မဖြစ်တော့ဘူး
(တို့ဝေးပြီ)ပြတင်းပေါက်က သစ်ရွက်ကလေးရယ်
(ဘယ်သွားမလဲ) မင်းလေးအတွက် သတိရခြင်းတွေ
(ဘယ်သွားမလဲ) ရင်မှာ အလွမ်းများ
ရင်ခုန်သံ အိမ်ရာမဲ့ခရီး
မင်းနဲ့ကိုယ့်ရဲ့အကြောင်း ရင်မှာဖျောက်ဖျက်မရပါ
မင်းနဲ့ကိုယ်တို့
မင်းနဲ့ကိုယ်တို့
မင်းနဲ့ကိုယ်တို့

4:49 PM 5/2/2013

No comments:

Post a Comment