Tuesday, May 7, 2013

လွမ်းသူအကြောင်း


ရေး - ငယ်ဆူးသစ်
ဆို - ဟန်ထွန်း

မိုးစက်ကလေးများငါ့အပေါ်ကိုခုန်ဆင်းရင်း
အို တို့နှစ်ယောက်ရဲ့အတိတ်ကို သယ်ခဲ့ပြီ
ငါ့ဘဝရဲ့အကြောင်းတွေပြန်တွေးရင်း မေ့မရခဲ့ဘူး
ငါမိုးစက်များရဲ့အောက်မှာ ပျော်ခဲ့သမျှ
အလွမ်းများလည်း မိုးမှာနင်ပေးတယ်
တဖြည်းဖြည်း ဝေးရင်း အတိတ်ဟာအစီအစဉ်မဲ့ မိုးသည်းထဲ

ရင်မှာပူနေသော အလွမ်းတွေ
မိုးစက်များ နှစ်သိမ့်ပေးတောင် ပျက်လွင့်မသွားဘူး
မလိုချင်သောဒီအလွမ်းတွေ
မိုးများထဲ နှုတ်ဆက်ခွဲခွာ ချန်ရစ်သွားသူ
ဒီဘဝ ဒီဘဝ ဒီဘဝ ဒီဘဝ

အို ဆုံတွေ့ဖူးတဲ့ အတိတ်မှာအင်အားနဲ့
နွေးထွေးလွန်းသော အချစ်တွေနင်ပေးခဲ့
ပျောက်ပျက်သွားမယ် မသိအောင်ရင်ခုန်ရင်း မိုးသည်းထဲ

လှည့်ကြည့်လိုက် အချစ်ရေ ဒီမိုးထဲ
ရက်စက်သော အိပ်မက်တွေ နင်ပေးတယ်
အေးစက်တော့မယ့် အနမ်းတွေ ဒီအချိန်ထိ မဟောင်းသေးဘူး

မလိုချင်သောငါ့အလွမ်းတွေ
မိုးစက်များ ဆေးကြောပေးတောင် ဖြူစင်မသွားဘူး
မလိုချင်သောဒီအလွမ်းတွေ
နှလုံးသားထဲ နေ့ရက်များစွာ ထင်ကျန်ခဲ့ပြီ
ဒီဘဝ ဒီဘဝ ဒီဘဝ ဒီဘဝ

မိုးရေထဲ မေ့မရဘူး မေ့မရဘူး

11:30 PM 5/5/2013

No comments:

Post a Comment