Saturday, May 4, 2013

မင်းရဲ့အဝေး


ရေး -
ဆို - ဟန်ထွန်း

စမ်းချောင်းငယ်ထဲ ပန်းလိုပဲ မျောခဲ့ရတယ် အရင်တို့အတိတ်ဟောင်း
မိုးသားတွေဆီ လှမ်းပြောပြရတယ် ကိုယ် ကြေကွဲကြောင်း
မင်းပါးထက်က အိပ်မက်ဟောာင်းများသာ ဝူး လွမ်းဆွတ်ပြီး
ကြင်နာသူရယ် မင်းရဲ့အဝေးမှာ မျှော်လင့်မိ

ဒီဘဝကိုလှည့်ကြည့်တိုင်း
အဓိပ္ပာယ်ပျောက်ဆုံးနေ
ကိုယ် ကိုယ်တိုင် ရွေးချယ်ဖူးတဲ့ လမ်းအမှားထဲ
အခုများတော့ အသည်းကဆွေး

အဖော်မဲ့ လမ်းမှာ မပျော်နိုင်ခဲ့ဘူး
အဖော်မဲ့ လမ်းမှာ ကြေကွဲရသူ
မင်းရဲ့အဝေးမှာ အနေချင်တော့ဘူး
မင်းအချစ်နဲ့ ဝေးရာ

မင်းမျက်ရည်လေး အခုတော့လွမ်းပြီရင်းလွမ်းချင် ရင်မှာစွဲတဲ့မီး
ခိုလှုံရာရင်ခွင် ပေးဖူးတဲ့အချစ်ကို ငါချန်ထားမိ
ဒီဘဝကိုလှည့်ကြည့်တိုင်း
အဓိပ္ပာယ်ပျောက်ဆုံးနေ
ယုံကြည်ရာ ရွေးချယ်ဖူးတဲ့ လမ်းအမှားထဲ
အခုများတော့ အချစ်နဲ့ဝေး

ဒီအဖော်မဲ့လမ်းမှာမပျော်နိုင်ခဲ့ဘူး
အဖော်မဲ့လမ်းမှာ လွမ်းခဲ့ရဖူး
မင်းရဲ့အဝေးမှာ မနေချင်တော့ဘူး
မင်းအချစ်နဲ့ဝေးရာ
ဒီအဖော်မဲ့လမ်းမှာလွမ်းခဲ့ရဖူး
မင်းရဲ့အဝေးမှာမရှိချင်တော့ဘူး မင်းအချစ်နဲ့ဝေးရာ
မင်းရဲ့အဝေးမှာမရှိချင်တော့ဘူး မင်းအချစ်နဲ့ဝေးရာ
မင်းနဲ့ဝေးချိန်များ မင်းအချစ်နဲ့ဝေးရာ
မင်းနဲ့ဝေးချိန်များ ရင်ခွင်မှာကြေကွဲခဲ့သူပါ
မင်းနဲ့ဝေးချိန်များ ဝူး ဝူး
မင်းနဲ့ဝေးချိန်များ အဖော်မဲ့သောဘဝ
ကြင်နာသူရယ်မင်းနဲ့ဝေးချိန်များ

11:16 PM 5/5/2013

No comments:

Post a Comment