Saturday, May 4, 2013

သူအချစ်


ရေး - ကေအေတီ
ဆို - ဟန်ထွန်း

ကြယ်စင်တွေ ခရီးထွက်သွားတဲ့ မှောင်မိုက်ခြင်းနဲ့ည
တစ်ယောက်တည်းကိုယ့်ဘဝမှာ သူ့အလင်း
လေပြေဝယ် တိုက်ခတ်ရင်းနဲ့ ညခင်းတစ်ခုရဲ့အလှ
သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်

နေရောင်ခြည် တောက်ပဦးမှ ဒီဘဝ သိပ်လှမယ်
အပြင်မှာတိမ်မည်း မိုးသားတို့ ဖျက်ဆီး
သူလာရင်နွေးထွေးခြင်းနဲ့  သူ့အလင်းမျှလိမ့်မယ်
ကိုယ်ဟာ တစ်ယောက်တည်း လောကအလယ်ပြည့်စုံပြီး

သူ့အချစ်ကသိပ်လိုတယ်
အားနည်းချက်များကို အရာရာဖြည့်ဆည်းဖို့
လူ့ဘဝက သိပ်တိုတယ် အားလုံးတော့မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့သဘော

ဟိုးတုန်းက အမှောင်ညများ ဟိုးတုန်းက အမှောင်နေ့များ
အထီးကျန်တာ မေ့ထားဖို့ သူဖြည့်ပေး
ကိုယ့်အတွက်တော့ သူဟာ အချိုဆုံးတေး
သိမ်ငယ်စရာ ပြန်မာန်တင်းပေး

သူ့အချစ်ကသိပ်တယ်
အားနည်းချက်များကို အနားသတ်ပေးသူ
လူဘဝကသိပ်တိုတယ် အားလုံးမရစိတ်ဓာတ်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့သဘော

9:02 PM 5/5/2013

No comments:

Post a Comment