Tuesday, May 7, 2013

စိတ်မပျက်ဘူး


ရေး - ကေအေတီ
ဆို - ဟန်ထွန်း

ငါအပျော်တွေကိုစောင့်ရင်း ဘဝကို ဆက်လျှောက်နေဆဲ
အပျော်တွေ ဘယ်နေ့ဘဝဆီဆိုက်ရောက်လာမလဲ
လမ်းကြောင်းမှားယွင်းတဲ့ ထိုးနှက်ချက်တွေ မကုန်နိုင်သေးဘူး ငါစိတ်မလျှော့ဘူး

ငါတစ်စုံတစ်ရာကို မက်ရင်း ဘဝမှာ အသက်ဆက်ရှင်တုန်း
အတူရင်ဆိုင်ဖော်လည်း မတွေ့ခဲ့ပါလား
ရက်စက်တဲ့ လှည့်ကွက်တွေထဲက ထွက်မပြေးဘူး
ငါစိတ်မလျှော့ဘူး

အဆင်မပြေဘူး ဘဝကအဓိပ္ပာယ်မဲ့နေ
အဆင်မပြေဘူး အချစ်လည်း အဓိပ္ပာယ်မဲ့နေ
ငါမပျော်နိုင်သေးဘူး အမြဲလွဲနေတယ်/အမြဲတမ်းလွဲနေတယ်
ရေး ငါစိတ်မပျက်ဘူး

ကံကြမ္မာရဲ့အခွင့်အရေး တို့စောင့်နေလည်း
အချိန်တွေသာ ကုန်သွား ခက်တယ် တစ်ကြိမ်မှမရ
ဘဝနဲ့ အချစ်ရဲ့မိုက်ပြစ်ရင်ထဲစူး
ခံလိုက်မယ် စိတ်မပျက်ဘူး

ဟေး အဆင်မပြေဘူး ငါ သိပ်ခက်တုန်းပဲ
အဆင်မပြေဘူး ရက်စက်ခြင်းများလည်း
အို မကုန်နိုင်သေးဘူး အချစ်မဲ့ခဲ့လည်း
ရေး စိတ်မပျက်ဘူး
ဟေး အဆင်မပြေဘူး အကုန်ခက်တုန်းပဲ
ရေး အဆင်မပြေဘူး ရက်စက်မှုတွေနဲ့
ရေး ငါမပျော်နိုင်သေးဘူး အချစ်မဲ့ခဲ့လည်း
ရေး ငါစိတ်မပျက်ဘူး

11:44 PM 5/5/2013

No comments:

Post a Comment