Tuesday, May 7, 2013

သိပ်ချစ်တယ်အရမ်းမုန်းတယ်


ရေး - ဂျမန်း
ဆို - ချမ်းချမ်း

ငါ့မျက်လုံးကအမြင်အာရုံဝေဝါးနေပြီ ထိန်းချုပ်မရတဲ့ဝေဒနာ အရည်ပျော်ကျခဲ့ပြီ
မသေချာတော့ဘူး ဒါအချစ်လား
နှလုံးသားထဲမှာလဲ ဦးနှောက်ထဲက အချစ်အမုန်းကျိန်စာတွေလား

အခန်းကျဉ်းလေးထဲမှာလေ ငါထိုင်ပြီး ငိုတယ် နှလုံးသားထံကဒဏ်ရာနာကျင်နေဆဲပဲ
မှောင်မဲနေတဲ့အခန်းအလင်းရောင်တွေ
လည်း ထိုးဖောက်မရပါလား
ငါပေါက်ကွဲလို့နေမယ် တိတ်ဆိတ်တဲ့ကမ္ဘာ မင်းမရှိရင်ကောင်းမယ်

ပေးဆပ်ခြင်းနဲ့ ချစ်နေလည်းရလဒ်ကတော့ ဒီအမုန်းများ/အချစ်ရဲ့အမုန်း
သိပ်ချစ်တယ်အရမ်းမုန်းတယ်
ဝဋ်ရှိရင်ကြေပေးတော့ကွယ်
နှလုံးသားထဲကချစ်နေလည်း ဦးနှောက်ထဲက ဒီအမုန်းများ
သိပ်ချစ်တယ်အရမ်းမုန်းတယ်
ရောထွေးကုန်ပြီ တကယ်ရူးတော့မယ် ဝဋ်ကြွေးများရယ်

ငါ့ရဲ့အသိစိတ်မှာ နင်ဟာနတ်ဆိုးပါကွယ် နှလုံးထဲက နင်ဟာအရှင်သခင်ပါပဲတွယ်
မျှော်လင့်နေတဲ့အချစ် အမုန်းကိုစွန့်ပြီး ကြိုးစားချစ်နေလည်း
ဘယ်လိုလုပ်ရမလဲကွယ် တားဆီးမရတဲ့ နာကျင်တဲ့အမုန်းများ

2:35 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment