Tuesday, May 7, 2013

အချိန်မီပြန်လာပါ


ရေး - မြင့်မိုးအောင်
ဆို - ချမ်းချမ်း

အရင်လိုမင်းအနားမရှိတော့မနေတတ်ဘူး နှစ်သိမ့်ပေးမယ့်သူမရှိဘူး
ငါတစ်ယောက်တည်းတော့မနေတတ်ဘူး ရင်မှ ဆွဲနှုတ်မရတဲ့ဆူး

မင်းကိုချစ်တာ အပေါ်ယံမဟုတ်ဘူး မင်းကိုချစ်တာ ထာဝရ
မင်းကိုလေချစ်တာတစ်သက်လုံးအတွက် ကိုယ်ရွေးချယ်တဲ့သူတစ်ယောက်မို့
မင်းပြန်ခဲ့ပါ ဒီရင်ခွင်သို့ မင်းပြန်ခဲ့ပါ
အမြန်နိုင်ဆုံး မင်းပြန်လာခဲ့ပါ အချိန်မီနောက်ပြန်လှည့်ပြီး

(ဒီမှာခံနိုင်ရည်တွေမရှိဘူး ရင်မှာအလွမ်းမီး(များ)လောင်မြိုက်သူ
မင်းက အချိန်မီပြန်လာဦးမလား)

ပြန်မေ့ဖျောက်ဖို့ခက်တဲ့ အနမ်းများ အရင်လို ပြန်ပြီးပေးခဲ့ပါဦးလား
ပွေ့ဖက်ထားတဲ့အချိန်လေး ပြန်လိုချင်လည်း အခုတော့ပြန်ပေး
မင်းကိုချစ်တာ အပေါ်ယံမဟုတ်ဘူး မင်းကိုချစ်ခဲ့ ထာဝရ
မင်းကိုလေချစ်တာတစ်သက်လုံးအတွက် ဘဝတွေပေးခဲ့ မင်းပြန်ခဲ့ပါ တမ်းတနေရင်ခွင်သို့ မင်းပြန်ခဲ့ပါ အို ငါစောင့်ခဲ့တယ် မင်းပြန်လာခဲ့ပါ အချိန်မီနောက်ပြန်လှည့်ပြီး

မင်းပြောခဲ့တဲ့နှုတ်ဆက်စကား
(ရင်မှာပြန်ပြီးကြား)အချိန်ဟာတစ်နေ့တော့ အချစ်ဒဏ်ကုစားသွားမှာလား
ဒါငါ့အတွက်မဖြစ်နိုင်သိခဲ့ရ (နိုး) ငါမျှော်လင့်နေပေမယ့်လေ
ဒဏ်ရာများ ခုထိမပျောက်နိုင်ဘူး မဖြစ်နိုင်ဘူး

ဒီမှာခံနိုင်ရည်တွေမရှိဘူး ဒီရင်မှာအလွမ်းမီးတွေ လောင်မြိုက်သူ(အို)
မင်းက အချိန်မီပြန်လာဦးမလား
ဒီမှာခံနိုင်ရည်တွေမရှိတော့ဘူး ဒီရင်မှာအပူဆုံးမီးလောင်မြိုက်သူ
မခံနိုင်ဘူး
ဒီမှာခံနိုင်ရည်တွေမရှိတော့ဘူး ဒီရင်မှာအပူဆုံးမီးလောင်မြိုက်သူ
မင်းက အချိန်မီပြန်လာဦးမလား
အလွမ်းရဲ့မီးတွေဟာ မငြိမ်းတော့ဘူး
ရင်မှာ အလွမ်းမီးတွေ လောင်မြိုက်သူ

2:20 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment