Tuesday, May 7, 2013

တကယ်ပဲလည်းနင်မချစ်ပဲနဲ့


ရေး - ဂျမန်း
ဆို - ချမ်းချမ်း

ယုံလွယ်အောင်ပြုစားတတ်တာ တကယ်ကို မင်းအစွမ်းတွေပါပဲ
ပျော်ရွှင်တပ်မက်ခဲ့မိလေတော့ ငါဟာ အရူးလို
ရင်နာအောင်လှည့်စားသွားတဲ့ မင်းရဲ့ အချစ်တွေကိုလည်း
ငါအရမ်းကြောက်လို့ သွားခဲ့ပြီ မယုံရဲတော့ဘူးကွယ်

တကယ်ပဲလည်းနင်မချစ်ပဲနဲ့ လာပြီးတော့ ညာချွဲမနေနဲ့
ဟိုးအရင်တုန်းကလို အချစ်မျိုးလည်း ပုံပြင်တွေလို ဟောင်းသွားပြီး
တကယ်ပဲလည်းနင်မချစ်ပဲနဲ့ ခံစားချက်တွေထပ်မပေးပါနဲ့
ကွဲအက်သွားခဲ့တဲ့ ငါ့နှလုံးသား အရှုံးများနဲ့ပြည့်နှက်နေခဲ့ပြီ
(အဆုံးသတ်လို့သွားပြီ)

ညာနေတာသိသားနဲ့ကွယ် တကယ်ကိုချစ်မိသူငါပဲ
ရင်ခုန်စွာချစ်မိတော့တဲ့ငါ့မှာ အခုတော့ အို ရူးပြီ
ဟန်ဆောင်ကာနင်ပြုံုးပြတဲ့ မင်းရဲ့အပြုံးတွေကိုလည်း
ခံနိုင်ရည်မရှိတော့တဲ့နောက်မှာ မယုံရဲတော့ဘူးကွယ်

ရိုးသားခြင်းမရှိတဲ့နောက်မှာ မလာခဲ့နဲ့ ငါ့အနား
ဆုံးရှုံးခြင်းရလဒ်များနဲ့ ပျော်နေပြီ အချစ်ရေ

1:55 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment