Tuesday, May 7, 2013

ဒီတစ်ခါနောက်ဆုံးပဲ


ရေး - ဂျမန်း
ဆို - ချမ်းချမ်း

နင်ပြောတဲ့စကား ရင်ခွင်ထဲ စူးနစ်ဝင်သွာူ တွယ်ငြိနေဆဲ
မင်းရဲ့အချစ်ဆူးတွေ အမှတ်တရများစွာ ရင်ခွင်ထဲလူးလို့နေ

ထပ်မပြောနဲ့ ရင်နာမယ့် စကားများကိုလည်း မခံစားနိုင်ဘူး
မင်းရဲ့အကြည့်စိမ်းတွေ မင်းအချစ်တွေကို လွယ်လွယ်နဲ့နှုတ်မရတော့ပါ ဒဏ်ရာများနဲ့ နှလုံးသားလည်း ကြေမွသွား

သံသယများစွာရယ် အဖြေကိုရှာမကြည့်နဲ့တော့ ငိုနေတဲ့ မျက်ရည်သက်သေပါ အချစ်ရေဒါဟာ မင်းအတွက်အဖြေပဲပေါ့

မင်းပေးတဲ့ နာကြည်းချက်တွေနဲ့ ရက်စက်တဲ့ နင်စကားများကိုလည်း
ဘယ်နှစ်ကြိမ်တောင်ရှိမှန်းမမှတ်မိဘူး
အကြိမ်ကြိမ်ကို ငါကအရှုံးပေးတယ်
အေးစက်တဲ့နင့်အပြုံးများအလယ်မှာ ငါ့နှလုံးသားပူလောင်နေခဲ့ပြီး
ရင်နာအောင် နင်လုပ်ရက်တာပဲ မခံနိုင်အောင် ငါတကယ်ရူးတော့မယ်

အနာဂတ်များမလှပတော့ဘူးလား ဒီတစ်ခါနောက်ဆုံးပဲ အချစ်ရေ
ငါဟာစွန့်လွှတ်ဖို့ အဆင်သင့်ပဲ

2:47 AM 5/6/2013

ချမ်းချမ်း

No comments:

Post a Comment