Monday, April 29, 2013

တံလျှပ်များ


ရေး - နိုင်းနိုင်
ဆို - မျိုးကြီး

မစဉ်းစားဖြစ်သော ဒီနာရီသံတွေကြား
ဘဝဟာမောင်းခုတ်သွား အနတ္တလမ်းမများ
ဇာတ်ညွန်းကိုပေးမဖတ်ခဲ့ဘူး အတိတ်ကိုလည်ပြန် ကြည့်ရင်း
မာနစေစားရာ မှော်ရုံမြေမှာမောပန်းဆဲ

အတ္တရဲ့အခွံထဲမွန်းလောင်နေပြီ
မဆုံးသေးတဲ့ခရီးများ ဆက်လျှောက်ရဆဲ ငါ့ရဲ့ကိုယ်ပွားနတ်မိစ္ဆာများ
ကလေးတစ်ယောက်ရဲ့ဖြူသောဘဝ အဝေးဆုံးမှာ ကျန်ရစ်ခဲ့
အဆိပ်ခွက်လိုငွေကြေးများ(ဒဏ်ရာတွေလှပဆဲ)
အရိုင်းတစ်ယောက်လိုဖြတ်သန်းသွား ဟန်ဆောင်မုသား ကမ္ဘာထဲ
ပြဒါးမရှိတဲ့မှန်ချပ်များ (ငါကိုယ်တိုင်လိုက်ရှာဆဲ)

ကလေးတစ်ယောက်ရဲ့နေ့ရက်တို့ ငါပြန်လိုချင်ပေမယ့်
အဆုံးကိုလုံးဝမသိရှိရတဲ ဘဝရဲ့ဇာတ်ထုပ်များထဲ
ဘာဖြစ်မလဲ ဒီကမ္ဘာပေါ် ရှင်သန်ကာနေထိုင်ခဲ့တဲ့နေ့တွေ
မြစ်တစ်ခုစီးသလိုပေါ့(စီးလို့)

အတ္တရဲ့ အခွံထဲ မွန်းလောင်နေပြီ
အဆုံးမဲ့တဲ့ခရီး ငါဆက်လျှောက်ရဆဲ ဒုက္ခနွံများ ကူးဖြတ်လို့

မွေးဖွားလာသေဆုံးကြ မောဟတွေလောင်ကျွမ်းကြ
လမ်းဆုံးရင် ပြာပဲရ (ဒဏ်ရာတွေ လှပဆဲ)
အရိုင်းတစ်ယောက်လိုဖြတ်သန်းသွား ဟန်ဆောင်မုသားကမ္ဘာထဲ
ပြဒါးမရှိတဲ့မှန်ချပ်များ(ငါကိုယ်တိုင်လိုက်ရှာဆဲ)
တံလျှပ်လိုနေ့ရက်များ

8:32 PM 4/30/2013

No comments:

Post a Comment