Monday, April 29, 2013

ငါတို့ခရီး


ရေး - အငဲ
ဆို - လေးဖြူ ၊ အငဲ ၊ မျိုးကြီး

အကြောင်းကြောင်းနဲ့ စိတ်ရှုတ်နေရင် ဦးနှောက်ဆေးဖို့ပေါ့
လာစမ်းပါဟေ့ အပေါင်းအသင်းတွေ ခရီးထွက်စို့
ပျင်းရိတဲ့နေ့ရက်တွေ ခေါင်းထဲကထုတ်ပစ်ဖို့
အတူလိုက်ပြီး လွင့်လို့မျောမယ် သွားကြစို့

လာဟေ့ ကားပေါ်တက်စမ်း သွားကြမယ် အဝေးပြေးလမ်းမပေါ်မှာ
ချန်ခဲ့ အတွေးတွေရယ်သွားစမ်း

စိမ်းလန်းတဲ့တောတွေ တောင်တန်းများရယ်
ကားလမ်းမဘေးတွေမှာရှုခင်းများရယ်
ပင်လယ်ပြာပြာပေါ်မှာ လေညှင်းလေးရယ်
ဒါတွေ ဒါတွေ အားလုံးတို့အတွက်ပေါ့

ရည်းစားကြောင့် အသည်းကွဲခဲ့ရင်မင်းလည်းလိုက်ခဲ့ဦး
ငါတို့ခရီး မင်းအသည်းကိုဆေးကြောဖို့
စိတ်ဓာတ်တွေကျဆွေးမြည့်နေရင် အားလုံးမေ့လိုက်ဦး
ငါတို့ခရီးစွမ်းအားတွေရရှိဖို့

ယူခဲ့ မင်းဂစ်တာလေး တီးလိုက်စမ်းပါ သီချင်းများ လိုက်ဆိုမယ်
ချန်ခဲ့ အလွမ်းတွေရယ်သွားစမ်း
ပင်လယ်ပြာပြာပေါ်မှာ တိမ်တိုက်တို့ရယ်
သောင်ပြင်ပေါ်မှာ ခုန်ပေါက်ဆော့မယ်
အေးမြတဲ့မြစ်လေကို ရှူရှိုက်ကြမယ်
ဒါတွေ ဒါတွေ အားလုံးတို့အတွက်ပေါ့

လွပ်လပ်တဲ့မိုးကောင်းကင်ရယ် ညတစ်ညအလှပဆုံး
ကြယ်စုတွေနဲ့ လက်တွဲကာကလိုက်စို့
သောက်တတ်တဲ့ရောင်းရင်းတွေရယ် နည်းနည်းလျှော့သော
ဒီညလေး စိတ်ရွှင်လန်းစွာပြီးဆုံးဖို့
စိမ်းလန်းတဲ့ တောတွေ တောင်တန်းများရယ်
ကားလမ်းမဘေးတွေမှာ ရှုခင်းများရယ်
အေးမြတဲ့မြစ်လေကိုရှူရှိုက်ကြမယ်
ဒါတွေ ဒါတွေ အားလုံးတို့အတွက်ပေါ့

ခရီးဆုံးလည်း တို့ရဲ့အိမ်အပြန်လမ်းလေးလှပလို့
ကြယ်စင်အလား တို့အတွေးတွေ အတောက်ပဆုံး
မောပန်းတဲ့ စိတ်ဓာတ်တွေ ဆေးကြောပြီးခဲ့လို့
ငါတို့ခရီး လမ်းဆုံးပြီ နှုတ်ဆက်စို့

9:04 PM 4/30/2013

No comments:

Post a Comment